ပုသိမ် သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက် ၉ နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးသာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်များတွင် သီတင်းသုံးတော်မူနေကြ သည့် ပုသိမ်မြို့၊ ညောင်ပင်သာကျောင်းတိုက် ဆရာတော် ဦးဝိဿုတ(နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)၊ မောင်းထောင်ကျောင်းတိုက်ဆရာတော်ဦးပညာဓိက(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂ မဟာသဒ္ဓမ္မ ဇောတိကဓဇ)၊ မြောင်းမြကျောင်းတိုက်ဆရာတော် ဦးဝဏ္ဏိတာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ)၊ မရမ်းချိုကျောင်း တိုက်ဆရာတော် ဦးသောဘိတ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) တို့ထံသို့ ဆွမ်းဆန်၊ ဆီ၊ ကြက်ဥ၊ ဆေးဝါး၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးများထံမှ အနုမောဒနာတရားများ နာယူကြည်ညို ကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရှိရသည်။
ကိုတွတ်

No comments:
Post a Comment