ရန်ကုန် ဩဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနေမှု ကြည့်ရှုစစ်ဆေး၍ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ မိုးစပါးစံပြစိုက်ကွက်နှင့် ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်၊
တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ် မြို့မ အထက ကျောင်းတွင်
သတ်မှတ်ချက်နှင့် အကျုံးဝင်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနေမှုများ၊
တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ပရဟိတ
လူမှုရေးအသင်း အဖွဲ့များထံသို့ PPE (၁၅၀)ထည်၊ Hand Gel ဗူးသေး (၂၀)ဗူး၊ Mask ဘူး
(၅၀)ခုပါ(၄၀) ဗူး၊ N 95 Mask ၁ ဗူး (၅၀)ပါ (၄)ဗူး၊ ဆေးဖြန်းပုံး ၁ ပုံး၊
ပိုးသတ်ဆေးပုံး ၃ ပုံး တို့ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ဝန်ကြီးချုပ်၊
တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာ
စိုက်ပျိုးမှုဆိုင်ရာ အသိပညာပေး စခန်းသို့ရောက်ရှိရာ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူး
ဦးမြင့်ဆွေနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးနိုင်တို့က တိုက်ကြီး
မြို့နယ်အတွင်း မိုးစပါးဧက ၁ သိန်း ၂သောင်းကျော်၊ ပဲစိုက်ဧက ၄၁၉၇၇၊
ဆီထွက်သီးနှံဧက ၆ ထောင်ကျော်၊ ပြောင်းစိုက်ဧက ၃၀၀ ကျော်၊ ကြံစိုက်ဧက ၃၈၀၀ ကျော်
စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး
ဦးအောင်သန်းဦးက မြေဩဇာနှင့် သဘာဝ မြေဩဇာတို့ ပေါင်းစပ်သုံးစွဲရေးနှင့်
ထွက်ရှိလာသော စပါးများကို လယ်သမားများ၏ အကျိုးအမြတ်များ ရရှိစေရန် ဝယ်ယူပေးမည့်
အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဝန်ကြီးချုပ်က
တိုက်ကြီးမြို့နယ်သည် စိုက်ပျိုးရေးအတွက် အဓိကကျသည့် မြို့နယ် ဖြစ်သဖြင့်
ရန်ကုန်တိုင်း၏ ဝမ်းစာစပါး ဖူလုံ စေရေးအတွက် မိုးစပါးလျာထားချက် ပြည့်မီအောင်
စိုက်ပျိုးခြင်းသာမက တဘူးလှဆည်ရေ သောက် လယ်မြေများနှင့် လျှပ်စစ်မြစ်ရေတင်မှ
ရေရှိနိုင်သည့် လယ်များအားလုံး နွေစပါးစိုက်ဧက တိုးချဲ့ရန် ယခုကာလကပင်
ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြရန်နှင့် စိုက်ပျိုးရေး ပညာပေး စခန်းများတွင် သဘာဝ
မြေဩဇာပြုလုပ်နည်းများ လက်တွေ့ပြုလုပ်၍ တောင်သူများကိုယ်တိုင် အမြောက်အမြား ထုတ်လုပ်
သုံးစွဲရန် မှာကြားပြီး မိုးစပါးအထွက်ကောင်းမျိုး သုတေသနစံပြ စိုက်ခင်းများကို
ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက်
ဥတိုကျေးရွာတွင် အသားတိုး ကြက်အကောင်ရေ တစ်သောင်းနှစ်ထောင်၊ ဥစားကြက် (၉၀၀၀)ကျော်
မွေးမြူထားသည့် ပုဂ္ဂလိကကြက်မွေး မြူရေးခြံကို လည်းကောင်း၊
မြောင်းတကာစံပြကျေးရွာရှိ အသားတိုးနွားအကောင်ရေ ၁၀၀ ကျော် မွေးမြူထားသည့် ပုဂ္ဂလိက
နွားမွေးမြူရေးခြံများကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း
တင်ပြပြီး လုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်ချက်များ ကူညီပံ့ပိုးပေးရန်
တင်ပြမှုအပေါ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး လုပ်ငန်းခွင်အတွင်း လိုက်လံ ကြည့်ရှုအားပေး ခဲ့ကြောင်းသိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)

No comments:
Post a Comment