

တာချီလိတ် ဩဂုတ် ၂၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်
မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့သို့
ရောက်ရှိပြီး စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းထားသည့် အောက်ဆီဂျင်ထုတ်စက်ရုံအား
ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းသည့် အောက်ဆီဂျင်ထုတ်စက်ရုံသို့ရောက်ရှိစစ်ဆေးစဉ် အောက်ဆီဂျင်ထုတ်လုပ်နေမှုအဆင့်ဆင့်အား
တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က စက်လည်ပတ်မှုလုပ်ငန်းများ
အဆင် ပြေစေရေး ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအောက်ဆီဂျင်ထုတ်စက်သည် ငွေကျပ်သိန်း ၁၇၀၀
ကျော်တန်ဖိုးရှိပြီး တစ်နေ့လျှင် အောက်စီဂျင် ၄၀ လီတာဝင်အိုး ၁၈၀
ခန့်ထုတ်လုပ်နိုင်ကြောင်း၊တာချီလိတ်မြို့အတွက် လုံလောက်စွာ အခမဲ့ဖြန့်ဝေနိုင်မည်ဖြစ်သည့်အပြင်
ပိုလျှံသည့် အောက်ဆီဂျင်များအား ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့များသို့ အခမဲ့ဆက်လက်ဖြန့်ဝေပေးနိုင်ရေးစီစဉ်ထားရှိကြောင်း
သိရသည်။
ယာဆေး(ပြန်/ဆက်)
No comments:
Post a Comment