Monday, August 16, 2021

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဆေးနှင့်ဆေးပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိရေး၊ အခြေခံစား သောက်ကုန်များကို စျေးကားများဖြင့် ၄၄ မြို့နယ်အတွင်း လှည့်လည်ရောင်းချရေး အစည်းအဝေးပြုလုပ်

 



                                                                   ရန်ကုန်၊ သြဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ၊ ကုန်သည်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်အောက်ရှိ ညီနောင်အသင်းတို့မှ တာဝန်ရှိသူ များနှင့် သီခြားစီတွေ့ ဆုံပြီး ဆေးနှင့် ဆေးပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့်ဝယ်ယူရရှိရေး ၊ အခြေခံစား သောက်ကုန်များကိုစျေးကားများဖြင့် ၄၄ မြို့နယ်အတွင်း လှည့်လည်ရောင်းချရေး ဆွေးနွေးညှိနှိုင်းကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကိုတွေ့ဆုံပြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်ချက်နှင့်အညီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများတို့သည် ကိုဗစ် - ၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားနေစဉ်ကာလအတွင်း အများ ပြည်သူအတွက် ဆေးဝါးများကို သင့်တင့်မျှတသော စျေးနှုန်းဖြင့်ဝယ် ယူရရှိနိုင်ရေးအတွက် အခွန်ကောက်ခံမှုများကိုလျော့ချ၍ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှနှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ လွယ်ကူလျင်မြန်စွာ တင်သွင်း နိုင်ရေးထိထိရောက်ရောက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ထိုသို့ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ဈေးကွက်အတွင်းမှ ဆေးပစ္စည်း များကို ဝယ်ယူသိုလှောင်ခြင်း၊ ပစ္စည်းများကို ထိန်းချုပ်ထားခြင်း ၊ အမြတ်ကြီး စားရောင်းချရန် ရည်ရွယ်သိုလှောင်ခြင်းများမရှိစေရန်နှင့်အများပြည်သူ သက်သာသောစျေးနှုန်းများဖြင့် လွယ်ကူလျှင်မြန်စွာဝယ် ယူခွင့်ရရှိရန် ရန်ကုန်မြို့အနှံအရောင်းဆိုင်များ ဖွင့်လှစ်ပေးရန် မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဇော်မိုးခိုင်နှင့် အဖွဲ့ဝင်များ က စားသုံးသူရေးရာဦစီးဌာန မှစျေးနှုန်းသတ်မှတ် ချက်များ ၊ဆေးကုန်ကြမ်းအခွန်နှုန်းထား သတ်မှတ်ထားရှိမှုနှင့် ပြည်ပမှ ရောက်ရှိလာသော ဆေးနှင့်ဆေး ပစ္စည်းများကို အမြန်ဆုံးထုတ်ယူရရှိရေး နိုင်ငံတော်ကဖြေလျော့ကူညီ ပံ့ပိုးဆောင်ရွက်ပေးနေမှုများနှင့် မြန်မာ နိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ဆောင်ရွက်နေမှုများနှင့်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးဝါးများ သက်သာ လွယ်ကူစွာ ဝယ်ယူရရှိနိုင်သည့် နည်းလမ်းများကို အသေးစိတ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ဝန်ကြီးချုပ်သည် မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်အောက်ရှိညီနောင်အသင်း များနှင့် တွေ့ဆုံ၍အမှာစကားပြောကြားရာအခြေခံ စားသောက်ကုန်များကိုပြည်သူများ အတွက် ဈေးနှုန်းကြီးမြင့်မှု၊ မလိုလားအပ်သော ဝန်ဆောင်ခများ အပိုကုန်ကျစရိတ်များ ဖြစ်ပေါ်မှုမရှိစေရန် စီမံဆောင်ရွက်ထားပေးရန် ၊ အခွန် ကောက်ခံမှုကို လျော့ချပေးထားသည့် အတွက် ပြည်တွင်း၌ လက်ကား၊ လက်လီဈေးများ ပြန်လည်ရောင်းချရာတွင် သင့်တော်သော အမြတ်ရယူပြီး ရောင်းချစေ လိုကြောင်း၊ ထိုသို့မဟုတ်ဘဲ ဈေးနှုန်းမြင့်တက်ရန် ရည်ရွယ်၍ သိုလှောင် ထားခြင်း၊ ဈေးနှုန်းအဆမတန်ကြီးမြင့်စေရန် ဆောင်ရွက်ခြင်းတို့ကို (လုံးဝ) မပြုလုပ်ကြစေလိုကြောင်းစားသောက် ကုန်ပစ္စည်း အပါအဝင် ဆေးဝါး ဆေးပစ္စည်း၊ ကျန်းမာရေးသုံးပစ္စည်းများကို မတန်တဆ ဈေးနှုန်းမြင့်တင်ခြင်း၊ သိုလှောင်ခြင်းများရှိပါက ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ ၄၄ မြို့နယ်တွင်စျေးကားများဖြင့် စားသောက်ကုန်များ သက်သာစွာရောင်းချပေးမည့် အစီအစဥ်များကို ပြောကြားသည်။

ထို့နောက်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တက်ရောက် လာကြသူများက တိုင်းဒေသကြီးအတွင်းကုန်စျေး နှုန်းတည်ငြိမ်ရေး ၊ ကုန်စည်များ ချောမွေ့စွာပုံမှန်ဝင်ရောက်ရေးနှင့်စျေးနှုန်းတည်ငြိမ်စေရေးတို့အတွက်ဝိုင်းဝန်းဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များ အပေါ်ဝန်ကြီးချုပ်မှ လိုအပ်သည့်များဖြည့်ဆည်း ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး ၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦး ၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း ၊အစိုးရအဖွဲ့ ရုံးညွှန်ကြားရေးမှူးများ ၊စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ၊ ခရိုင်အထွေထွေအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ၊ မြန်မာ နိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ၊မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များအသင်း ၊ ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း)/ ဘုရင့်နောင် ၊ ဘုရင်နောင် ကုန်စည်ဒိုင်များမှ တာဝန်ရှိများ ရန်ကုန်တိုင်းဒေသကြီးကုန်သည်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်သည်။

ဆန်းကျော်ဦး

 

No comments:

Post a Comment