ကလေး ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ် များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီမှ ၁၂နာရီအချိန်အထိ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ဆောင်ရွက်ရာတွင် အသက်(၂)လအရွယ် ကလေးငယ်များကို
ဘီစီဂျီ၊ ပိုလီယို(ပထမ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)(ပထမ)၊ ပြင်းထန် အဆုတ်ရောင်
(ပီစီဗီ) (ပထမ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်
(ငါးမျိုးစပ် ကာကွယ်ဆေး) ကိုလည်းကောင်း၊ အသက်(၄)လအရွယ် ကလေးငယ်များကို ပိုလီယို(ဒုတိယ)၊
ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ)(ဒုတိယ)၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်
(ပီစီဗီ)(ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်
(ငါးမျိုးစပ် ကာကွယ်ဆေး) (ဒုတိယ) ကိုလည်းကောင်း၊ အသက်(၆)လအရွယ် ကလေးငယ်များကို
ပိုလီယို(တတိယ)၊ ပြင်းထန်အဆုတ် ရောင် (ပီစီဗီ)(တတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊
အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) (တတိယ) ကိုလည်းကောင်း၊
အသက် (၉)လ အရွယ် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး(ပထမ) ကာကွယ်ဆေးနှင့် အသက်(၁)နှစ်ခွဲ
ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး (ဒုတိယ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊
ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)(စတုတ္ထ) စသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း
မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်
တပ်မတော်ဆေးရုံ ကုတင်(၁၀၀)မှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံတိုက် ကျွေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့်
ဘေးအန္တရာယ် ကင်းရှင်းစွာ ထိုးနှံပေးနိုင်ရေး
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment