ဘားအံ ဩဂုတ် ၂၈
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သည့် ဘားအံမြို့နယ် ကော့ကူး-ပေါ့ထော်-နောင်ကမြိုင်လမ်းပေါ်ရှိ ခဝိချောင်းကူးတံတား(၈၀)ပေ ကွန်ကရစ်တံတား ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါတံတားတည်နေရာ၌ ကျင်းပသည်။
တံတားဖွင့်ပွဲတွင်
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး
ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)
ဦးအောင်နိုင်ထွန်းက တံတားနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ဒေသခံတစ်ဦးက
ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက်
ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက တံတားဖွင့်ပွဲ အထိမ်းအမှတ်အလံများ
ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများအတွက် ပါးစပ်နှင့်နာခေါင်းစည်း Mask
များ ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်
ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးတို့က ခဝိချောင်းကူးတံတားအား
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား
အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကာ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ခဝိချောင်းကူးတံတားသည်
ယခင်က အုတ်ခုံခံတံတားသာဖြစ်ပြီး တံတားအောက်ခြေခိုင်ခံမှု မရှိတော့ခြင်း၊ မိုးရာသီတွင်
ရေနှစ်မြုပ်၍ သွားလာရခက်ခဲခြင်းတို့ကြောင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေ
ကျပ် ၂၃၃ ဒသမ ၇၀ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အရှည် ၈၀ ပေ၊ အကျယ်
၂၀ ပေ၊ အမြင့် ၂၀ ပေရှိ ကွန်ကရစ်တံတားကို တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မိဇံကျေးရွာ၊
ဓမ္မမိဇံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုမနဒီပအား ဖူးမြော်ကြည်ညို၍
လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment