လပွတ္တာ ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ကျောက်မှော် ကျေးရွာအုပ်စု၊ အောက် ချောင်းကျေးရွာ ဘက်စုံအဆင့်မြင့်နည်း ပညာသုံးစံပြစိုက်ကွင်းရှိ ကွင်းအမှတ်(၅၈၁-က) ဦးပိုင်(၁၆)တောင် သူဦးထွန်းလင်း၏ လယ်မြေတွင် ဆင်းသုခစပါးမျိုးအားအထွက်နှုန်း တင်း (၁၀၀)ထွက်ရှိအောင် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် သိပ္ပံနည်းကျစပါးစိုက် ပျိုးခြင်းအားဆောင်ရွက်ခဲ့သည်။
လပွတ္တာမြို့နယ်တွင်
မိုးကောင်းသောက်ဧကစုစုပေါင်း (၃၃၇၈၀၇) ဧက စိုက်ပျိုးရန်ရည်မှန်း
ထားခဲ့ရာ ယနေ့အချိန်ထိ ဧက (၃၃၇၈၀၉) ဧက ပြည့်မှီအောင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင်မိုးရွာသွန်းမှု
သမမျှတပြီး ရာသီဥတုကောင်းမွန်သောကြောင့် မိုးစပါးစိုက်ဧက (၃၃၇၈၀၉) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး
လျာထားချက်ထက်ပြည့်မှီကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ကြောင်းမြို့နယ်စိုက်ပျိုး ရေးဦးစီးမှုး
ဦးမျိုးအောင်၏ ပြောပြချက်အရသိရသည်။
ယောဧရာ


No comments:
Post a Comment