Thursday, August 12, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွင်လိုအပ်သည့် အောက်ဆီဂျင်များထုတ်လုပ်မည့် စက်ရုံမြေနေရာအား ကြည့်ရှုစစ်ဆေး

 


                                                                                     မော်လမြိုင်           ဩဂုတ်  ၁၂

မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်    ဦးဇော်လင်းထွန်း၊  အစိုးရအဖွဲ့ဝင်   လုံခြုံရေးနှင့်    နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီ က မော်လမြိုင်မြို့၊ ရွှေနတ်တောင်၊  ရေသန့်စင်စက်ရုံဝင်းအတွင်း  တန် (၂၀) ဆံ့ Liquid   အောက်ဆီဂျင်ထုတ်စက်ရုံနှင့် (၁) မိနစ်ကို (၂၅၀) လီတာ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင် Plant  တည်ဆောက်မည့် မြေနေရာအား ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများအား လျင်လျင်မြန်မြန်နှင့် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး  အမြန်ဆုံးအကောင်ထည်ဖော် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။ 

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီးတွင် တန်(၂၀)ဆံ့ Liquid အောက်ဆီဂျင်စက်ရုံကို  အမြန်ဆုံး  ပြီးစီးနိုင်ရေး အကောင်အထည်ဖော်  ဆောင်ရွက်နေသည့် အပြင် အခြားမြို့နယ်များတွင်လည်း အောက်စီဂျင်စက်ရုံများကို တည်ဆောက် လျက်ရှိပြီး ယခုရွှေနတ်တောင် အောက်ဆီဂျင်ထုတ်စက်ရုံသည်   ပြည်နယ်အစိုးရအဖွဲ့   ရန်ပုံငွေဖြင့်   တည်ဆောက်ပေးခြင်းဖြစ်ကာ မကြာမီ တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment