မကွေး ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို စုရပ်(၄)နေရာသတ်မှတ်၍ ယမန်နေ့ နံနက်(၉)နာရီမှ စတင်၍ စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း
ဆောင်ရွက်ရာတွင် မကွေး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊
မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့ဝင်များနှင့် လူမှုပရဟိတအသင်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ
ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်
တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး ဩဂုတ်လ(၁)ရက်နေ့တွင် (ပထမ အကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများဖြစ်သည့်
ဦးစားပေးအဖြစ် သတ်မှတ်ထားသူများကို မကွေးမြို့စုပေါင်းရုံးခန်းမ၊ အ.ထ.က(၁)ကျောင်း၊
အ.ထ.က(၃)နှင့် အ.ထ.က (၄)ကျောင်း စသည်ဖြင့် စုရပ်(၄)နေရာသတ်မှတ်၍ ဒုတိယအကြိမ် ထိုးနှံပေးခြင်း
ဖြစ်ကြောင်း သိရသည်။
မကွေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ
ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့်(Mask)များ
အခမဲ့ ဖြန့်ဝေပေးခြင်းလုပ်ငန်းအား မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာအုပ်စုများအထိပါ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုစည်သူ(မကွေး)


No comments:
Post a Comment