Saturday, August 14, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ကြည့်ရှုအားပေး

 



                                                                                    သာယာဝတီ ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများသွားရောက် ကြည့်ရှု အားပေးခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မင်းလမ်းကျေးရွာ၊ တစ်ကွင်းတစ်ဆက်တည်း တောင်သူ (၁၅)ဦး ပိုင် အဆင့်မြင့် စက်မှုလယ်ယာမြေ(၁၀၀)ဧကတွင် တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဒေသခံ တောင်သူလယ်သမားများနှင့်တွေ့ဆုံ၍ ဓါတ်မြေဩဇာအိတ်များ ထောက်ပံ့ပေး ခဲ့ကာ ကောက်စိုက်စက်ဖြင့် ကောက်စိုက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး နောက် ကျေးလက်လမ်းဦးစီးဌာနမှ တိုင်းဒေသကြီးဘတ်ဂျက် ငွေကျပ် (၆၃၁.၂) သန်းဖြင့် ဆောင်ရွက်နေသည့် လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ် ချိတ်ဆက်ထားသည့် တောင်ကြို့ကုန်းလမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းသည် မိုးရေချိန်များသည့် ဒေသဖြစ်၍ ကွန်ကရစ်လမ်းသာ သင့်တော်မှုရှိပြီး လမ်းပုခုံးလည်း ထည့်သွင်းဆောင်ရွက် သွားရန်နှင့် ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွါးဘဝများ ဖွံ့ဖြိုးတိုးတက်ရေးသည် လမ်းပန်းဆက်သွယ်သည် အဓိကဖြစ်သည့်အတွက် သတ်မှတ်စံချိန်စံညွှန်း အတိုင်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ် သမန်းကုန်းကျေးရွာအုပ်စုရှိ ပြည်တော်ယာဉ်မျိုးစပါး (၁၀)ဧက စံပြစိုက်ခင်းနှင့် ကြိုပင်ကောက်မြို့နယ် အောင်ပင်သာကျေးရွာအုပ်စု မှော်ဘီ(၃) မျိုးစေ့ ထုတ်စိုက်ခင်း(၃၀)ဧကအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး အခြားဆီထွက် သီးနှံ များလည်း တိုးချဲ့စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံတောင်သူ များအတွက် ဓါတ်မြေဩဇာ (၃၀) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀၀၀)ကျော် စိုက်ပျိုးထားရှိပြီး အခြားပြည်နယ်/ တိုင်းဒေသကြီးများသို့လည်း မျိုးကောင်း မျိုးသန့် စပါးမျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိပြီး တိုင်းဒေသကြီး အတွင်း စပါးမျိုးကွဲ (၉)မျိုး စိုက်ပျိုးလျက်ရှိသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး ဘတ်ဂျက် ငွေကျပ်(၄၃၃)သန်းဖြင့် ဇီးကုန်း-ကံညီကို-သာပေါင်း-လယ်တွင်း လမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့် လမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် ထပ်မံအဆင့်မြှင့်တင် နိုင်ရေး ကျပ်သိန်း(၁၂၀)အား ဖြည့်ဆည်း ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်များရှိ ပြည်သူ့ဆေးရုံးကြီးများရှိ ကျန်းမာရေးဝန်ထမိးများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြား ခဲ့ပြီး ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ်(၃၅)သိန်းနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကာ ဆေးရုံများ၌ အောက်စီဂျင် ပိုက်လိုင်း တပ်ဆင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နောက် မြို့နယ်အလိုက် Oxygen Plant တပ်ဆင်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝင်/ထွက် လမ်း၊ လျှပ်စစ်မီးရရှိရေးနှင့် အဆောက်အဦ လိုအပ်ချက်များအား စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း

 

 



No comments:

Post a Comment