Saturday, August 14, 2021

ဘားအံမြို့နယ်တွင် အောက်ဆီဂျင်ထုတ်နိုင်ရန် အောက်ဆီဂျင်စက်များ ရောက်ရှိ

 



                                                                                   ဘားအံ သြဂုတ် ၁၄

 

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင်အသုံးပြုရန်နှင့် ကိုဗစ်၁၉ရောဂါ ကူးစက်ခံရသူ လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်များလုံလောက်စွာ ထုတ်နိုင်ရန် အတွက် အောက်ဆီဂျင်စက်ပစ္စည်းများ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က   ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ စက်ရုံတည်ဆောက်မည့် နေရာသို့ရောက်ရှိကြောင်းသိရှိရသည်။ 

 

အဆိုပါ အောက်ဆီဂျင်စက်သည် တရုတ်နိုင်ငံထုတ် NZO-60 အမျိုးအစားဖြစ်ပြီး တစ်နေ့လျှင်‌​အောက်ဆီဂျင် ၄၀လီတာစလင်ဒါအိုး ၂၀၀ ခန့်ထွက်ရှိနိုင်မည်ဖြစ်ပြီး ၄င်းအောက်ဆီဂျင်စက်များထာရှိမည့် စက်ရုံသည်

(၃၀ပေ×၆၀ပေ)  StealStructure အဆောက်အဦးအမျိုးအစားဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း၅၅၀ခန့်ဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံအား  ကရင်ပြည်နယ်အတွင်းရှိ ကိုဗစ်လူနာများ၏ အောက်ဆီဂျင်လိုအပ်မှုကို အမြန်ဖြည့်ဆည်း ပေးနိုင်ရေးအတွက်   တစ်ပါတ်အတွင်းပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း    ကရင်ပြည်နယ် အစိုးရအဖွဲ့ မှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်) 

 

No comments:

Post a Comment