Tuesday, August 17, 2021

ကျိုက်ဒုံမြို့ရှိ သန္တိသုခကျောင်းတိုက် ဓမ္မာရုံဆောက်လုပ်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ လှူဒါန်းထားသည့် ဘိလပ်မြေ (၂၀၀ )အိတ်ကို တာဝန်ရှိသူများက သွားရောက်လှူဒါန်း​

 


ကျိုက်ဒုံ ဩဂုတ် ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ အမှတ် ၁ ရပ်ကွက် သန္တိသုခကျောင်းတိုက်ဓမ္မာရုံ ဆောက်လုပ်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊  ပြည်နယ်ဝန်ကြီးချုပ်မှ လှူဒါန်းထားသည့် ဘိလပ်မြေအိတ် (၂၀၀)ကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က  ဝန်ကြီးချုပ်ကိုယ်စား တာဝန်ရှိသူ များက သန္တိသုခကျောင်းတိုက် ဆရာတော်ထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဓမ္မာရုံ ဆောက်လုပ်သည့်အခါ လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရေးနှင့် အမြန်ဆုံးပြီးစီး အောင် ဆောက်လုပ်နိုင်ရန်အတွက်  ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေစခန်းမှူး၊ မီးသတ်ဦးစီးမှူး တို့က ကရင်ပြည်နယ်အစိုးရအဖွဲ့၊  ပြည်နယ်ဝန်ကြီးချုပ်မှ လှူဒါန်းထားသည့် ဘိလပ်မြေအိတ် (၂၀၀)ကို အမှတ် () ရပ်ကွက် သန္တိသုခကျောင်းတိုက် ဆရာတော်ထံသို့ သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

သန်းထွန်းနိုင်

No comments:

Post a Comment