မြစ်ကြီးနား သြဂုတ် ၃၀
ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးနိုင်ရေး အတွက် ဒုတိယအသုတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က သွားရောက်လက်ခံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယနေ့
တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ်
Sinopharm အမှတ်တံဆိပ်ပါ ကာကွယ်ဆေး (၇၉၁၂)လုံးဖြစ်
ပြီး ကာကွယ်ဆေးများကို တပ်မတော်လေယာဉ်မှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊
ပြည်နယ်ဝန်ကြီးများက လက်ခံ ရယူခဲ့ကြပြီး လက်ခံရရှိသည့် ကာကွယ်ဆေးများကို
ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးဒေါက်တာတင့်နိုင်နှင့်
ကျန်းမာရေးဝန်ထမ်းများထံ လွှဲပြောင်းပေးအပ်ခဲ့ကြ သည်။
အဆိုပါ
ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို ပထမအသုတ်အဖြစ် ဇူလိုင် ၃၀ ရက်နေ့ တွင် ပထမအသုတ်ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်အတွင်း
ဇူလိုင် ၃၁ ရက်နေ့မှ စတင်၍ ပထမ အကြိမ်အဖြစ် လူဦးရေ ၄၆၂၀၀ ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး
ယနေ့ ရောက်ရှိလာ သော ကာကွယ်ဆေးများသည် ပထမအကြိမ်ထိုးနှံပေးခဲ့သည့် လူဦးရေ ၄၆၂၀၀
အတွက် ဒုတိယ အကြိမ် ထိုးနှံပေးနိုင်တော့မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
သိရသည်။
No comments:
Post a Comment