ပခုက္ကူ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိုးရာသီကာလတွင် ဖြစ်ပွားတတ် သည့် ရေဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များ သိရှိစေရန် ရည်ရွယ်၍ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ကျေးရွာ များအရောက် ကွင်းဆင်းအသိပညာပေး နှိုးဆော်ကြသည်။
အသိပညာပေးလုပ်ငန်းကို
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး
ဒေါ်ခင်သန္တာရွှေနှင့် အတူ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများလိုက်ပါပြီး ပခုက္ကူမြို့နယ်အတွင်း
ဧရာဝတီမြစ်ရေ ဝင်ရောက်နိုင်သည့် ကွန်းရွာ၊ ဆင်မင်း၊ ရွှေတန့်တစ်၊ ကျွန်းပုလုနှင့် ခြောက်ဦးသား
ကျေးရွာတို့တွင် ရေဘေးအန္တရာယ် မဖြစ်ပွားမီ
ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရေကြီးခြင်း သတိပေး ချက်ရလျှင် ဆောင်ရွက်ရ မည့်အချက်များ၊
ရေကြီးခြင်းဖြစ်ပေါ်ချိန်တွင် လိုက်နာရန်နှင့် ရှောင်ကြဉ်ရန် အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရမည့်
အချက်များအကြောင်းတို့ကို သက်ဆိုင်ရာကျေးရွာများရှိ
စုပေါင်းဓမ္မာရုံများနှင့် ကျေးရွာများအတွင်း Hand Speaker များ၊ အသံချဲ့စက်များဖြင့်
လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊
ပခုက္ကူမြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ နံနက် ၆ နာရီခွဲ
အချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ၂၀၇၀ စင်တီမီတာ၊ ၆၇ ဒသမ ၉ ပေအထိ ရောက်ရှိခဲ့ပြီး
စိုရိမ်ရေ အမှတ်သို့ ရောက်ရှိရန် ၈၀ စင်တီမီတာ လိုသေးကြောင်း၊ ဩဂုတ်လ ၂၇ ရက် ညအချိန်တွင်
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းကျေးရွာများ၊ ဧရာဝတီ မြစ်ကမ်းတစ်လျှောက်
မြေနိမ့်ပိုင်းကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့တို့တွင် မြစ်ရေများ စတင်ဝင်
ရောက်လျက်ရှိပြီး ပုံမှန်မြစ်ရေဝင်ရောက်သည့် နေရာများလည်းဖြစ်ကြောင်း ပခုက္ကူခရိုင်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဘာမီသာ

No comments:
Post a Comment