နေပြည်တော် ဧပြီ ၃၀
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ယဉ်ကျေးမှုအသင်းများနှင့်
တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (အောက်ပုံ)
အခမ်းအနားသို့ ဒုတိယဝန်ကြီး
ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ရုံးဝန်ထမ်း
များနှင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအသင်းများ တက်ရောက်ကြသည်။
လမ်းပြမြေပုံ (၅)ရပ်
ချမှတ်
ရှေးဦးစွာ ပြည်ထောင်စု
ဝန်ကြီး ဦးစောထွန်းအောင်မြင့်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ် ကာလဆိုင်ရာ အုပ်ချုပ်ရေးကို
အချိန်ကာလ (၃)လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး ခိုင်မာသည့်
ဒီမိုကရေစီစနစ်ဖြစ်ရန်အတွက် လမ်းပြမြေပုံ (၅)ရပ် ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ကိုလည်း
နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အစည်းအဝေးများတွင် အထူးတလည် မှာကြားသည်မှာလည်း
လုပ်ငန်းများကို မြန်မြန် ဆန်ဆန် ဆောင်ရွက်ရန်၊ လက်ရှိဆောင်ရွက်နေဆဲလုပ်ငန်းစဉ်များ
ကိုလည်း အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရန် လွတ်လပ်၍တရား မျှတသော ရွေးကောက်ပွဲပြုလုပ်၍
ဖြစ်ပေါ်လာမည့် အစိုးရသစ် အတွက်အဆင်ပြေချောမွေ့အောင် စေတနာထားပြီးဆောင်ရွက်ရန် လိုပါကြောင်း၊
ဆက်လက်၍ မိမိတို့ဝန်ကြီးဌာန၏ ကချင်၊ မကွေး၊ မြစ်ကြီးနား၊ ရှမ်းပြည်နယ်ရုံး ရုံးအဆောက်အအုံသစ်များကို
ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း။
စည်းလုံးညီညွတ်ရန်လို
မိမိတို့ဝန်ကြီးဌာန
အမည် နာမကို တိုင်းရင်းသားလူမျိုးများ
ရေးရာဝန်ကြီးဌာနဟု သတ်မှတ် ထားသည့်အတွက် အခြားဝန်ကြီး ဌာနများနှင့် လုပ်ငန်းသဘာဝ ပိုမိုထူးခြားပြီး
မိမိတို့ တိုင်းရင်း သားများအတွက် ပိုမိုဆောင် ရွက်ရသော ဌာနဖြစ်ပါကြောင်း၊ ပြည်ထောင်စုအတွင်း
နေထိုင် ကြသည့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရန် လိုပါကြောင်း၊ ဤဒေသကို ပိုမိုစည်းလုံးပြီး
ဖွံ့ဖြိုးတိုးတက်အောင် မိမိဆန္ဒရှိပါကြောင်း၊ တိုင်းရင်းသားများ၏ အဓိကဆန္ဒဖြစ်သော မျှမျှတတနှင့်
တန်းတူညီမျှမှု ရရှိရေးအတွက် မိမိတို့ဆောင်ရွက် နေပါကြောင်း၊ စုပေါင်းညီညာမှုမှသည်
ငြိမ်းချမ်းရေးဆီသို့ ငြိမ်းချမ်းရေးဆီမှသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဆိုသည့်အတိုင်း
စုပေါင်းအင်အားဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်၍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်
ဖြစ်ပါကြောင်း၊ အမျိုးဘာသာ၊ စာပေ၊ စကား ပျောက်ပျက်ပါက လူမျိုးပါ ပျောက်မည်ဖြစ်၍ မိမိတို့၏စာပေစကားယဉ်ကျေးမှု
ကို ဆက်လက်ထိန်းသိမ်းရမည် ဖြစ်ကြောင်း။
ထိန်းသိမ်းနိုင်ရေး
မိမိတို့ဝန်ကြီးဌာနအနေဖြင့်
ထိုကဲ့သို့ လူမျိုးမပျောက်အောင် တိုင်းရင်းသားများ၏ စကား၊ စာပေယဉ်ကျေးမှုနှင့် အခွင့်
အရေးတို့ကို ထိန်းသိမ်းကာကွယ် ပေးမည့် ဝန်ကြီးဌာနတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းရင်းသား
များ၏ စကား၊ စာပေယဉ်ကျေးမှု ကို ထိန်းသိမ်းနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း
၍ ခန့်အပ်လျက်ရှိသော တိုင်းရင်း သားဘာသာသင် TA/LT များ၏ လုပ်အားခနှင့် ထောက်ပံ့ငွေများ
တိုးမြှင့်ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပါတီစွဲ
ပုဂ္ဂိုလ်စွဲမထားဘဲ မိမိတို့လူမျိုး အကျိုးစီးပွားကို ဦးတည်ချက်ထား ဆောင်ရွက်သွားရန်
လိုပါကြောင်း၊ မိမိတို့ဒေသလိုအပ်ချက်များကို ကျိုးကြောင်းခိုင်လုံစွာဖြင့် မိမိတို့
ညွှန်ကြားရေးမှူးရုံးမှ တစ်ဆင့် တင်ပြစေလိုပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး
ဦးဇော်အေးမောင်က နှုတ်ခွန်းဆက် ဝမ်းမြောက်စကား ပြော ကြားသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲ
တက်ရောက်လာကြသည့် ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်(သက္ကမ)၊ မရမာကြီး၊ အရှို(ချင်း)၊
စုမ်းတူ | (ချင်း)၊ လေးတူ(ချင်း)၊ ဥ(ပ်) ပူးချင်းနှင့် လောက်တူချင်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက
အထွေထွေဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ကနောဦးဝင်းနိုင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဖြည့်စွက်
ရှင်းလင်းသည်။
ယင်းနောက် ပြည်ထောင်စု
ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအဖွဲ့များကို ထောက်ပံ့ငွေများ
ပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထောက်ပံ့ငွေပေး ယင်းနောက်
ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး
ဝန်ထမ်းများနှင့် တွေ့ဆုံကာ စံပြရုံးအဖြစ်
ဂုဏ်ပြုပြီး ဝန်ထမ်းများကို ထောက်ပံ့ငွေပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment