Saturday, May 1, 2021

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (လျှပ်စစ်ကဏ္ဍ)၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယ သုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး ကျင်းပ

 




 နေပြည်တော် မေ   

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန(လျှပ်စစ်ကဏ္ဍ)၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် ဒုတိယ သုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် တတိယနှင့် စတုတ္ထသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၃၀ ရက်နှင့် မေ ၁ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ရုံးအမှတ်(၂၇) ရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာန၊ လုပ်ငန်းနှင့် ကော်ပိုရေးရှင်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ အမှုဆောင်အရာရှိချုပ်များ၊ ဌာနအကြီးအကဲများ၊ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက် ရေး စီမံကိန်းညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့ ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် အဓိက ကျသည့် အခန်းကဏ္ဍဖြစ်သည့်အလျောက် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင် ရွက်နေရ ကြောင်း၊ ပြည်သူများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် လုံလောက်ခြင်း၊ ဗို့အားနှင့် ကြိမ်နှုန်း (Frequency)တည်ငြိမ်ပြည့်ဝမှုရှိခြင်း၊ စဉ်ဆက်မပြတ်ပေးနိုင်ခြင်း၊ လျှပ်စစ်အန္တရာယ် အတွက် လုံခြုံစိတ်ချရခြင်း စသည်တို့နှင့် ပြည့်စုံသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းဆောင်ရွက် ပေးရန် လိုအပ်ကြောင်း။

မိမိတို့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ နိုင်ငံ တော်နှင့် နိုင်ငံသားအားလုံး၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်းများ၊ အစီအမံ များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ လိုအပ်ချက်ကို ပြည့်ဝစွာထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ယခုကာလတွင် ပြည်သူ လိုအပ်နေသော ဓာတ်အားလိုအပ်ချက် ပြည့်စုံ လုံလောက်အောင် စီစဉ်နေပြီး လာမည့် နှစ်များတွင် လိုအပ်လာမည့် ဓာတ်အားလိုအပ်ချက်များကိုလည်း အချိန်မီဖြည့် ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တဖက်တွင်လည်း ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်နိုင်ရန်နှင့် ဖြန့်ဖြူးနိုင်ရန် တို့ကိုလည်း ဟန်ချက်ညီညီ စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း သဘာဝအရင်းအမြစ်နှင့် လူမှုပတ်ဝန်း ကျင်ထိ ခိုက်မှုအနည်းဆုံးဖြစ်စေမည့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းများ၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများနှင့် ပြန်ပြည့်မြဲ စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် ဌာန ဖြစ်သည့် အလျောက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးလျက် ရှိရာတွင်  ပြီးခဲ့သည့်ကာလများ၌ အခက်အခဲအမျိုးမျိုးကြောင့် မီတာဖတ်ခြင်း၊ မီတာဘေလ် ဖြန့်ဝေခြင်း၊ မီတာခကောက်ခံခြင်း လုပ်ငန်းများတွင် အားနည်းချက်များ ရှိခဲ့သော်လည်း လျှပ်စစ်မီး မပြတ်တောက်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ပြည်သူလူထုမှ အသိအမှတ်ပြုခဲ့ ပါကြောင်း၊ ထိုအသိအမှတ်ပြုခဲ့မှုအပေါ် ရပ်တန့်မနေဘဲ ထပ်မံ ကြိုးပမ်းဆောင်ရွက်သွားရန်လို အပ်ပါကြောင်း၊ ထို့ပြင် မီးသုံးစွဲသူ ပြည်သူများမှလည်း မိမိတို့ပေးဆောင်ရမည့် ဓာတ် အားခကျသင့် ငွေများကို အမြန်ဆုံး ပေးဆောင် လို၍ ကောက်ခံပေးကြရန် တောင်းဆို လျက်ရှိသည်ကို ကြားသိနေရသဖြင့် အမြန်ဆုံး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

ထို့ပြင် ယခုအခါ လိုအပ်ချက်အရ အသစ်ခန့်အပ်ထားသော ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင်  ပြည်သူကိုလေးလေးစားစား ဆက်ဆံတတ်စေရေး၊ ပေးအပ် ထားသော လုပ်ငန်း တာဝန်အပေါ် ကျွမ်းကျင်စွာဆောင်ရွက်တတ်စေရေးအတွက် အမြန်ဆုံး လေ့ကျင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ထမ်းများအပါအဝင် ပြည်သူ လူထုမှ လျှပ်စစ် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊  သို့ပါ၍ ယခု တက်ရောက် လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင် နီယာများနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းညွှန်ကြားရေးမှူးတို့မှ မိမိတို့ကြုံတွေ့ နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးရန်နှင့် ဖြစ်ပေါ်နေသည့် အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မကြာမီ မိုးဦးကာလသို့ရောက်ရှိတော့ မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေး လိုအပ်သည့် ပြင်ဆင်ရေး အဖွဲ့များကို အသင့်စုဖွဲ့ထားရှိကာ ကြိုတင်စီမံ ဆောင်ရွက်သွားရန်နှင့် ပြည်သူလိုလားနေသော လုံခြုံပြီးတည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကိုစဉ် ဆက်မပြတ် ဖြန့်ဖြူး နိုင်ရန် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အားလုံး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။  

 

ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများ၊ အမှုဆောင် အရာရှိချုပ်များ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်အတွင်း ဆောင် ရွက်ခဲ့သည့်လုပ်ငန်းများ၊ တတိယနှင့် စတုတ္ထသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ မြစ်ရေတင်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် သုံးစွဲဝန်အား အခြေအနေ တို့ကို ရှင်းလင်းတင်ပြကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)  

No comments:

Post a Comment