Friday, May 7, 2021

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင် ပြည်ထဲရေးဝန်ကြီးဌာန စိုက်ပျိုးရေးပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

 


 နေပြည်တော် မေ ၇

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ မိသားစုဝင်များအနေဖြင့် တစ်ပိုင် တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများ စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိစေရန်နှင့် အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုး စားသုံးနိုင်စေရန် ရည်ရွယ် ဖွင့်လှစ်သော  စိုက်ပျိုးရေးပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၏ ဇနီး၊ ဒုတိယဝန်ကြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၏ ဇနီး၊ ရဲအရာရှိကြီးများနှင့် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် သင်တန်းသား/ သင်တန်းသူ(၅၀) တက်ရောက်ခဲ့ကြသည်။

အဆိုပါ စိုက်ပျိုးရေးပညာပေးသင်တန်းကို မေ ၇ ရက်မှ ၉ ရက်အထိ ဖွင့်လှစ်ပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)

No comments:

Post a Comment