Thursday, April 22, 2021

မတရားအသင်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တရားမဝင် စင်ပြိုင် အစိုးရ ဖွဲ့စည်းခြင်းအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထား

 



နေပြည်တော် ဧပြီ ၂၂

မတရားအသင်းအဖြစ် ကြေညာထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) သည် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေး အစိုးရကို အဖွဲ့ဝင် (၁၄)ဦးဖြင့် တရားမဝင်ဖွဲ့စည်းခဲ့ကြောင်းနှင့် ဒုတိယဝန်ကြီး (၁၂)ဦးကိုလည်း တရားမဝင် ခန့်အပ် ခဲ့ကြောင်း တွေ့ရှိရသည်။



 

ယင်းနေ့၌ပင် အဆိုပါ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ဝင်များနှင့် ဒုတိယဝန်ကြီးများသည် Video Conferencing ဖြင့် CRPH က တင်မြှောက်သည့် နာယက မကွေးတိုင်းဒေသကြီး၊ အမှတ်() မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်(ဟောင်း) ဦးအောင်ကြည်ညွန့်က ဦးဆောင်ပြီး CRPH အဖွဲ့ဝင် သာကေတမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဟောင်း) ဒေါက်တာ ဝေဖြိုးအောင် က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်၍ ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ကြောင်း တွေ့ရှိရ သည်။

CRPH က ထိုသို့ တရားမဝင်စင်ပြိုင်အစိုးရဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တရားဝင် တည်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအား ဖြိုဖျက်ရန်အားထုတ်ရာ ရောက်သဖြင့် စင်ပြိုင် အစိုးရ ဖွဲ့ရာတွင် ပါဝင်သူများ၊ အစိုးရဖွဲ့နိုင်ရန် ပါဝင်ဆောင်ရွက်သူများသည် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန် မှုကို ကျူးလွန်ရာရောက်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၁၂၂ အရ လည်းကောင်း၊ မတရားအသင်းဖြစ်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ဖွဲ့စည်းသော အဖွဲ့အစည်းများတွင် ပါဝင်ခြင်း၊ ယင်းအဖွဲ့ အစည်းများ၏ ဆောင်ရွက်ချက်များတွင် ပါဝင်ခြင်းကြောင့် မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇() အရလည်းကောင်း ပြစ်မှုကျူးလွန်ရာ ရောက်သဖြင့် တရားမဝင်စင်ပြိုင်အစိုးရအဖွဲ့တွင် ပါဝင်သူများ၊ ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်ထားသူများ နှင့် စင်ပြိုင်အစိုးရဖွဲ့စည်းရာတွင် ပါဝင်ဆောင်ရွက်သူများဖြစ်သည့် အောက် ဖော်ပြပါ ပုဂ္ဂိုလ်များအား  သက်ဆိုင်ရာတရားရုံးများနှင့် ရဲစခန်းအသီးသီးတွင် တရားစွဲဆိုခြင်း၊ အမှုဖွင့် အရေး ယူခြင်းများ ဆောင်ရွက် ထားရှိကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ထားရှိသည်-

()          ဒူဝါလရှီးလ

()          မန်းဝင်းခိုင်သန်း

()          ဒေါ်ဇင်မာအောင်

()          ဦးလွင်ကိုလတ်

()          ဦးရည်မွန်

()          ဒေါက်တာ လျန်မှုန်းဆာခေါင်း

()          ဦးတင်ထွန်းနိုင်

()          ဒေါက်တာ ဝင်းမြတ်အေး

()          ဒေါက်တာ ဆာဆာ

(၁၀)       ဒေါက်တာ ဇော်ဝေစိုး

(၁၁)       ဒေါက်တာ တူးခေါင်

(၁၂)        နော်ဆူဇန်နာလှလှစိုး

(၁၃)       ဦးမိုးဇော်ဦး

(၁၄)       ခူထဲဘူး

(၁၅)       ဒေါ်ခင်မမမျိုး

(၁၆)       နိုင်ကောင်းရွက်

(၁၇)       ဦးချစ်ထွန်း

(၁၈)       မိုင်းဝင်းထူး

(၁၉)       မင်းဇေယျာဦး

(၂၀)        နော်ထူးဖော

(၂၁)        ဂျာထွယ်ပန်

(၂၂)        ဒေါက်တာ ရွှေပုံ

(၂၃)        ခွန်းဘီထူး

(၂၄)        ဒေါ်အိသဉ္စာမောင်

(၂၅)        ဦးအောင်ကြည်ညွန့်

(၂၆)        ဒေါက်တာ ဝေဖြိုးအောင်

(သတင်းစဉ်)

No comments:

Post a Comment