(၂၇-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
(၂၆-၄-၂၀၂၁)
ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၄-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း
ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၄၄၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ
ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၈) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ
ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၇၁,၂၅၇) ခု အား စစ်ဆေးခဲ့ပြီး COVID-19
ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၇၇၈) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင်
ဆေးရုံဆင်းခွင့်ရရှိသူ (၆) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၁၃၁,၉၅၁) ဦး
ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့်
ထပ်မံသေဆုံးသူ (၁) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၃,၂၀၈) ဦး
ရှိပါသည်။
** ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် -
•
နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို
မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊
တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းတို့ကို အထူးဂရုပြု
ပူးပေါင်းဆောင်ရွက်ကြပါရန်၊
•
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်
“ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့်
လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကို တစ်ဦး အသိပေးခြင်း/ သတိပေးခြင်း
မိသားစုစီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ် ရေးနည်းလမ်းများအား
အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ
ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။
No comments:
Post a Comment