Tuesday, April 13, 2021

ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ် ပစ္စည်းများနှင့် အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်သူများအား ဖမ်းဆီးရမိ

 



နေပြည်တော်၊ ဧပြီ - ၁၂

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ  ၁၁ ရက် တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ()ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ လူနေထိုင်ခြင်းမရှိသည့် အိမ်အမှတ်(၂၈၆) ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊ သံတွဲမြို့နယ်၊ နန်းချောင်း ကျေးရွာအုပ်စု၊ အထက်နန်းချောင်းကျေးရွာရှိ ဝေဇင်ကျော်() ဦးညီကျော်မြအား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် လက်၊ ဇော်မင်းဦး() ဦးကျော်မြင့်အား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် လက်နှင့် ဇော်ရဲ() ဦးယဉ်ထွေးအား ၎င်း၏တောင်ယာတဲအတွင်းမှ လေသေနတ် လက်တို့နှင့်လည်းကောင်း၊ ချမ်းမြသာစည် မြို့နယ်၊ ကန်သာယာရပ်ကွက်၊ အကွက် (ခခ-/၇၅) ၅၇ လမ်းနှင့် ၅၈ လမ်းကြား၊ ၁၀၂ လမ်းနှင့် ၁၀၃ လမ်းကြားရှိ Nobel INN တည်းခိုခန်းရှိ အခန်းအမှတ် (၁၀၆) မစုစုမာ() ဦးပေစိအား လက်လုပ်မိုင်း လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီး ထိန်းသိမ်းရမိခဲ့သည်။

အလားတူ ယနေ့တွင် သထုံမြို့နယ်၊ ဒေးဘရိန်းကျေးရွာရှိ ရန်မင်းအောင်() ဦးမြတ်ကိုအား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် လက်၊ အခြားဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ()မိုင်၊ လေယာဉ်ကွင်းအနောက်ဘက်ခြမ်း ဉယျာဉ်ခြံဝန်းအတွင်းမှ အောင်အောင်() ဦးမောင်နီ၊ စာတန်းဗိုလ်()ဦးစိုးမြင့်နှင့် ဦးဝင်းမောင်()ဦးဗဒန်မဟာဒူးတို့ ဦးအား တူမီးသေနတ် လက်၊ အခြားဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့်()လမ်း၊ အမှတ်(၄၅)ရှိ အဆောက်အဦအတွင်းမှ လက်လုပ်ဗုံး ၂၅ လုံး၊ ဒူးလေး လက်၊ အခြားဆက်စပ် ပစ္စည်းများအားလည်းကောင်းဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။

အထက်ပါ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်များ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်း သိမ်းရမိသူများကို ဉပဒေအရထိရောက်စွာ အရေး ယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ် မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment