Friday, April 30, 2021

ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် အကြမ်းဖက်ဖျက်ဆီးမှုလုပ်ရပ်များအား လုပ်ဆောင်

 



 

နေပြည်တော်၊ ဧပြီလ ၂၉    

 

ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ မိုင်းထောင်ထားခြင်းများအား ဆောင်ရွက် လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၇ ရက်နေ့ညပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည့် ရပ်ရွာ အေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဧပြီလ ၂၈ ရက်နေ့ နံနက် နာရီခန့်အချိန် ရတနာသီရိရပ်ကွက်၊ အနောက်မြို့ ပတ်လမ်းနှင့် အောင်မင်္ဂလာလမ်းထောင့်အရောက်၌  စိန်ပန်းရပ်ကွက်နေ ဖြိုးကိုကို()အရှရက် အလီ (၂၀)နှစ် ()ဦးခင်မောင်ဝင်းနှင့် ဟော်ကုန်းရပ်ကွက်နေ ဖြိုးငယ်ထွေး()ဗစ်လား(၂၁)နှစ် () ဦးတင်မောင်လတ် တို့ ဦးအား ရေသန့်ဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း လုံးအား တွေ့ရှိရပြီး အများပြည်သူသွားလာ အသုံးပြုနေသော လမ်းများပေါ်တွင် မိုင်းထောင်ရန်ပြုလုပ် နေကြောင်း သိရှိရသဖြင့် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ထို့အတူ မွန်းလွဲ နာရီ ၂၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဓမ္မာရာဇာလမ်းကြားရှိ တောင်ဥက္ကလာပမြို့မရဲစခန်း၏ အနောက်ဘက် အုတ်တံတိုင်းနှင့် ရေမြောင်းကြား၌ ပေါက်ကွဲထားသည့် Keypad ဖုန်းနှင့် တွဲဆက် ပြုလုပ်ထားသော လက်လုပ်မိုင်း အပိုင်းအစများအား လည်းကောင်း၊ ညနေ နာရီ ၅၀ မိနစ်ခန့်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းတွင် သခင်မြပန်းခြံမှ ဒဂုံဧရာအဝေး ပြေးသို့ ပြေးဆွဲသည့် YGN 4N-6125(YBS 20) ယာဉ်၏ နောက်ဆုံးခရီးသည် ထိုင်ခုံအောက်တွင် ပလပ်စတစ်အိတ်ဖြင့် ထုတ်ထားသော Gold Label တံဆိပ်ပါ စက္ကူဗူးခွံအတွင်းမှ Keypad ဖုန်းဖြင့် ချိတ်ဆက် ပြုလုပ်ထားသည့် လက်လုပ်ဗုံး လုံးအားလည်းကောင်း၊ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့၊ အမှတ်(၂၃)ရပ်ကွက်၊ သံသုမာလမ်းရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ခရိုင်ရုံးအနီးမှ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး လုံးအားလည်းကောင်း တွေ့ရှိ ရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

အလားတူ နာရီ ၂၀ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ()ရပ်ကွက်၊ ၁၃၀ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ ဒုတိယမြို့တော်ဝန် နေအိမ်အား လည်းကောင်း၊ နာရီ ၃၅ မိနစ်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းဝန်းကျင် ရပ်ကွက်၊ ၇၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရုံးအား   လည်းကောင်း ဆူပူ အကြမ်းဖက်သူများက ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး/ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါဗုံးများပေါက်ကွဲမှုကြောင့် ရုံးများနှင့် နေအိမ် အဆောက်အဦများ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

ထို့အတူ ယနေ့နံနက် နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအား အကြမ်းဖက်သူ အမျိုးသား ()ဦး မောင်းနှင်လာသည့် ဆိုင်ကယ် စီးမှ လက်လုပ်မိုင်း လုံးဖြင့် ပစ်ပေါက်ခဲ့၍ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါလက်လုပ်မိုင်းမှာ ရုံးအပေါ်ထပ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရုံးအပေါ်ထပ်တွင် နေသူ ဗဒင်() အောင်မြင့်မြတ် (၃၅)နှစ်() ဦးကျော်ဝင်း တွင် ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ မင်္ဂလာဒုံ၊ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိ ကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment