Friday, April 30, 2021

အကြမ်းဖက်သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့များက မကွေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ နယ်မြေခံ တပ်များသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်


နေပြည်တော်၊ ဧပြီ - ၂၉

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ နယ်မြေခံတပ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ နယ်မြေခံတပ်များသို့ ယနေ့နံနက်အစောပိုင်းတွင် သောင်းကျန်းသူ (စိစစ်ဆဲ)အဖွဲ့က ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ သည်။

 

ဖြစ်စဉ်မှာ မကွေးမြို့ရှိ နယ်မြေခံတပ်အား ယနေ့နံနက် နာရီခန့်တွင် သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က မကွေးမြို့၏အရှေ့မြောက်ဘက် မီတာ ၅၀၀၀ ခန့် အကွာမှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး လုံး သည် နယ်မြေခံတပ် အနီးသို့လည်းကောင်း၊ ရှော့တိုက်ဒုံး လုံး သည် ယာခင်းများ အတွင်းသို့ လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့သည်။

 

အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပိတ်ဆို့ရှင်းလင်းခဲ့ရာ သပြေစမ်း(တောင်)ရွာနှင့် စမ်းကန်ရွာအကြားရှိ ယာမြေကန်သင်းရိုးအနီး၌ ရှော့တိုက်ဒုံးပစ်ခတ်ရာတွင် အသုံးပြုသည့် သဲအိတ်များ၊ ဘတ္ထရီအိုး လုံး၊ ဝါးညှပ် ခု၊ PVC ပိုက် ချောင်း၊ ဝါယာကြိုးများနှင့် ဒရစ်ဗူး ဗူး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ နယ်မြေခံတပ်သို့လည်း ယနေ့နံနက် နာရီ ၄၈ မိနစ်ခန့်တွင် သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က မိတ္ထီလာမြို့ နယ်၊ ငါးစက္ကန့်ကျေးရွာနှင့် သံကြိုးရကျေးရွာသွား လှည်းလမ်း၏ ညာဘက်ခြမ်းနေရာမှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဓမ္မပါလကျေးရွာ၏ မြောက်ဘက် သဲကျင်းအနီးတွင် လုံး၊ ရေတွင်းဖြူကျေးရွာနှင့် ဓမ္မပါလကျေးရွာ အကြားရှိ ရေမြောင်းဘေးအနီးတွင် လုံး၊ ဓမ္မပါလကျေးရွာအနီး၌ လုံး၊ ရှမ်းတဲကျေးရွာ အနောက်မြောက်ဘက် မီတာ ၄၀၀ ခန့် အကွာရှိ သရက်ခြံအတွင်းတွင် လုံးနှင့် ဘောလုံးကွင်းအနီးတွင် လုံး စုစုပေါင်း လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက်အဦများ ထိခိုက်ပျက် စီးမှုမရှိကြောင်း သိရှိရသည်။

အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပိတ်ဆို့ရှင်းလင်းခဲ့ရာ လာရောက်ပစ်ခတ်ခဲ့သည့်နေရာမှ ရှော့တိုက်ဒုံး ပစ်ခတ်ရာတွင် အသုံးပြုသည့် သဲအိတ်များ၊ ဘတ္ထရီအိုးများ၊  ဝါယာကြိုးများနှင့် ပေါက်ကွဲမှုမရှိသေးသော ရှော့တိုက်ဒုံး လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရှော့တိုက်ဒုံးအား အများပြည်သူများ အန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်ခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။  

သတင်းစဉ်



No comments:

Post a Comment