Wednesday, February 24, 2021

ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က COVID-19ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးပေး


 နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၄

 

 

မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းရှိ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူ များအား COVID-19ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀)မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။ ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၂၉၃ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန် များ၊ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ COVID-19 ရောဂါနှင့်ပတ်သက်၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment