နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂
COVID-19ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့်
ဗုဒ္ဓဘာသာဘုရား စေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများအလိုက f ဘာသာရေးကျောင်းများအား
ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ COVID-19စည်းမျဉ်း၊ စည်းကမ်းများနှင့်
အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရားဘာ၀နာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ
၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ
ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်
တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့
အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊
သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည် COVID-19စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ
ဖူးမြော်ကြည်ညို ကုသိုလ် ယူလျက်ရှိကြသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား
နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိ လည်းကောင်း၊ နံနက် ၈ နာရီမှ ၉ နာရီအထိ လည်းကောင်း၊
နံနက် ၁၀ နာရီမှ ၁၁ နာရီ အထိ လည်းကောင်း နံနက်ပိုင်း ၃ ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂
နာရီအထိလည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိလည်းကောင်း
ဖူးမြော် နိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။ ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလမ်ဘာသာရေးကျောင်းများ၊
ခရစ်ယာန်ဘာသာရေး ကျောင်းများနှင့် ဟိန္ဒူဘာသာရေးကျောင်းများကိုလည်း သက်ဆိုင်ရာဘာသာများအလိုက်
အများပြည်သူဝတ်ပြုကြည်ညိုနိုင်ရေးအတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ
သက်ဆိုင်ရာဘာသာဝင်များက စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိတ်အေး ချမ်းသာစွာ လာရောက်ဝတ်ပြုလျက်ရှိကြောင်း
သတင်းရရှိသည်။
#တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့


No comments:
Post a Comment