ဟံဇားတိုက်နယ်ဆေးရုံဆန္ဒပြမှုဖြစ်စဉ်တွင်
ဦးဆောင်သူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်
နေပြည်တော်၊ ဖေဖော်ဝါရီ
- ၂၂
ဟံဇားတိုက်နယ်ဆေးရုံတွင်
ဖေဖော်ဝါရီလ ၃ ရက်မှစ၍ ဆရာဝန်တစ်ဦးနှင့် သူနာပြု ၈ ဦးတို့သည် ဆေးမကုသဘဲ CDM လုပ်ဆောင်လာခဲ့ရာ
ဒေသခံပြည်သူများက တပ်မတော်ထံ အကူအညီတောင်းခံလာသဖြင့် ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်၍ တပ်မတော်
ဆေးတပ်ဖွဲ့ဝင်များက ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် မသမာသူတစ်စု၏
သွေးထိုးလှုံ့ဆော်မှုကြောင့် “ ဆေးရုံဖွင့်လှစ်မှုနှင့် ဆေးကုသမှုအလိုမရှိ” ဟု ကြွေးကြော်သံများဖြင့် ဆန္ဒပြမှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် အခက်အခဲများ
ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဆေးရုံ၌ မြေပြင်တွင် အမှန်တကယ်ဆရာဝန်လိုအပ်ချက်များ ဖြစ်ပေါ်လျက်
ရှိပြီး တပ်မတော်မှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော ဆေးတပ်ဖွဲ့ဝင်များကို
စေလွှတ်၍ ဒေသခံပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် ကျန်းမာရေးကဏ္ဍကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အခွင့်အရေးဆုံးရှုံးနစ်နာခံရသူတို့၏ တောင်းဆိုမှု အရ ဖြစ်စဉ်အားဖော်ထုတ်၍
ဦးဆောင်သူများကို တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရုံးဌာနများ၊
ဆေးရုံများအနေဖြင့်လည်း ယခုကဲ့သို့ နှောက်ယှက် ဟန့်တားခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများရှိပါက
ထုတ်ပြန် ထားသော ဖုန်းနံပါတ်များ၊ E Mail လိပ်စာများသို့ ဆက်သွယ်၍ အသံဖိုင်၊ ဗွီဒီယိုဖိုင်များဖြင့်
ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ သတင်းပို့နိုင်ကြောင်း သတင်းရရှိပါသည်။
#တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

No comments:
Post a Comment