တပ်မတော်မှစစ်ရေယာဉ်များဖြင့် မလေးရှားနိုင်ငံရောက် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား များအား ပြန်လည်ခေါ်ဆောင်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ
မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ယခင်ကာလ များကတည်းက အကြောင်းအမျိုးမျိုးကြောင့်
မြန်မာနိုင်ငံနေရပ်သို့ ပြန်ရန် အခက်အခဲဖြစ် နေသော မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန်
တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ် နိုင်မင်းကျော် ဦးဆောင်သည့် စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့်
စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့သည် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ၊ လူမွတ် (Lumut)ရေတပ်ဆိပ်ကမ်းသို့
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်ထွက်ခွာခဲ့သည်။
မြန်မာ့တပ်မတော်မှ
စစ်ရေယာဉ် ၃ စီးသည် မလေးရှားနိုင်ငံ လူမွတ် ((Lumut) ရေတပ်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ
၂၁ ရက်နေ့ မနက်ပိုင်းတွင်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသား
၁၀၈၆ ဦးအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မလေးရှားနိုင်ငံ လူဝန်မှုကြီးကြပ်ရေးဌာနမှ
တာဝန်ရှိသူများထံမှ စနစ်တကျလွှဲပြောင်းလက်ခံ ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် မလေးရှားနိုင်ငံ၊
လူမွတ်(Lumut) ရေတပ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားများသည်
နေရပ်ပြန်ရန်အတွက် မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ် (CofI )ထုတ်ယူထားရှိပြီးသူများဖြစ်ကာ
Covid-19 ရောဂါပိုးရှိ/ မရှိ ဆေးစစ်အောင်မြင်ပြီးသူများဖြစ်ကြောင်း သိရှိရသည်။ စစ်ရေယာဉ်များသို့
ရောက်ရှိလာသော နေရပ်ပြန်မည့်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဝတ်အစားအသုံးအဆောင်များ
ထောက်ပံ့ပေးခြင်းနှင့် စနစ်တကျကြိုဆိုနေရာချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ မြန်မာ့တပ်မတော်မှ
စစ်ရေယာဉ်များနှင့်အတူ လိုက်ပါလာသော မြန်မာနိုင်ငံ သားများအား ၎င်းတို့၏ မိသားစုများနှင့်
အမြန်ပြန်လည်တွေ့ဆုံနိုင်ရန်၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
လမ်းခရီးတစ်လျှောက်လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေးဆိုင်ရာ
စောင့်ရှောက်မှုပေးခြင်းတို့ကို ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)အပါအဝင် စစ်ရေယာဉ်များ၌
တာဝန်ထမ်းဆောင်နေ သည့် တပ်မတော်သားများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဖေဖော်ဝါရီလ
၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့










No comments:
Post a Comment