Wednesday, September 18, 2019

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် UNICEF Myanmar မှ Ms. Alison Rhodes နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော် စက်တင်ဘာ ၁၈   

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် သည် UNICEF Myanmar မှ Ms. Alison Rhodes နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ကလေးသူငယ်များနှင့်လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေး မြှင့်တင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် UNICEF နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စ၊ အပြည်ပြည် ဆိုင်ရာကလေးသူငယ်များနေ့ အခမ်းအနားကျင်းပပြုလုပ် နိုင်ရေးဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ ကလေးသူငယ်များ၊ လူငယ်များနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များတွေ့ဆုံနိုင်ရေး၊ အခြေခံပညာ/ အဆင့်မြင့်ပညာ ကျောင်းသူကျောင်းသားများ လုပ်ငန်းခွင်ဝင်လူငယ်များ၊ ပဋိပက္ခဒေသများရှိ လူငယ်များစုံလင်စွာ တက်ရောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment