နေပြည်တော် စက်တင်ဘာ ၁၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံသံအမတ်ကြီး Mr. KeremDivanlioglu အား ယနေ့မွန်းလွဲ ၃ နာရီတွင်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တူရကီနိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက်မည့်
ကဏ္ဍများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment