(၃၉) ကြိမ်မြောက်အာဆီယံအမျိုးသားရဲအဖွဲ့၊ ရဲချုပ်များညီလာခံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲ ဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် အဖွဲ့တက်ရောက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး နှင့်
အဆင့်မြင့် ရဲအရာရှိကြီးများပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်း မြို့တွင် စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ
ကျင်းပသည့် (၃၉) ကြိမ်မြောက် အာဆီယံ အမျိုးသားရဲအဖွဲ့၊ ရဲချုပ်များညီလာခံ
(39th ASEANAPOL Conference) သို့ တက်ရောက် သည်။
39th
ASEANAPOL Conference သို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် အရှေ့
တီမောနိုင်ငံတို့မှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံအမျိုးသားရဲအဖွဲ့ အထွေထွေအတွင်းရေးမှူး၊ ဆွေးနွေးဖက်နိုင်ငံများဩစတြေးလျ၊
တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ တူရကီ၊ဖီဂျီ၊ အင်္ဂလန်၊
အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည် ဆိုင်ရာ ရဲချုပ်များအသင်း (IACP)၊
အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ ဥရောပရဲအဖွဲ့ (EUROPOL)တို့မှ
ရဲချုပ်များ၊ အကြီးတန်းရဲအရာရှိကြီးများ၊ အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့် ICRC အာရှဒေသကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။
ညီလာခံတွင် အာရှဒေသအတွင်း တစ်နေ့တစ်ခြားပုံစံမျိုးစုံဖြင့် တိုးတက်များပြား လာသော နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အခြားမှုခင်းပြဿနာများသည် နယ်နမိတ်မရှိဘဲ ထိုးဖောက်ဝင်ရောက်လျှက်ရှိသဖြင့် ရဲတပ်ဖွဲ့အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိရောက်စွာတိုက်ဖျက်နှိမ်နင်းနိုင်ရေး၊ အဆင့်မြင့်နည်းပညာ အသုံးပြု နိုင်ရေး၊ မှုခင်းသတင်းအချက်အလက်ဖလှယ်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာ နိုင်ငံရဲချုပ်က တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်း၊ စီးပွားရေး မှုခင်း၊ ဆိုက်ဘာမှုခင်း၊ ခရီးသွားစာရွက်စာတမ်း အထောက်အထားတုပ အသုံးပြုမှုနှင့် နိုင်ငံဖြတ်ကျော်လိမ်လည်မှုများတိုက်ဖျက်ရေးတွင်
သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေနှင့် အညီ ရဲတပ်ဖွဲ့အချင်းချင်း
ပူးပေါင်းဆောင်ရွက်၍ ထိရောက်စွာတားဆီး နှိမ်နင်းနိုင်ရေးတို့
နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး ဆွေးနွေးဖက်နိုင်ငံများမှ
ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးကာလအတွင်း အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc နှင့် ပြည်သူ့ လုံခြုံရေးရာဝန်ကြီးဌာန
ဝန်ကြီး General To Lam တို့အား ဂါရဝပြု တွေ့ဆုံခဲ့ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးသည်
39th ASEAN APOL Conference တက်ရောက်စဉ်ကာလအတွင်း ၊ စက်တင်ဘာ ၁၈ ရက်
မွန်းလွဲပိုင်း တွင် အင်္ဂလန်နိုင်ငံ၊ အမျိုးသားမှုခင်းဌာန (National Crime
Agency-UK) အကြီး အကဲ Commander MARK EDWARD BISHOP နှင့်
ဩစတြေးလျနိုင်ငံ၊ ပြည်ထောင်စုရဲအဖွဲ့၊ ခေတ္တရဲချုပ်၊Deputy Commissioner
NEIL ANTONY GAUGHAN တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး
မှုခင်းများတားဆီးနှိမ်နင်းရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေး၊ နည်းပညာအသုံးပြုရေးတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန်များ၊ ရဲတပ်ဖွဲ့အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည်
ယနေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှ ပြန်လည် ထွက်ခွာခဲ့ရာ
ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment