ရန်ကုန်
စက်တင်ဘာ ၂၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နန်နင်းမြို့၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၆)ကြိမ်မြောက်
တရုတ် - အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်
ခဲ့သော ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက် ဒေသ
စံတော်ချိန် နံနက် ၁၁ နာရီတွင် လေကြောင်းခရီးဖြင့် နန်နင်းမြို့မှ ရန်ကုန်မြို့သို့
ပြန်လည်ထွက်ခွာကြသည်။
ဒုတိယသမ္မတ
ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသ ကော်မတီ အမြဲတမ်းကော်မတီဝင်နှင့် နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ
အတွင်းရေးမှူး H.E. Mr. Huang Shiyong ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးမျိုးသန့်ဖေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်နှင့် တာဝန်ရှိသူများက
နန်နင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့်အဖွဲ့သည်
နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ
ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
အောင်စိုးမိုး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန်
ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် တာဝန်ရှိသူများက
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment