Monday, September 23, 2019

ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း ယနေ့ စတင်လေ့ကျင့်မည်


ရန်ကုန် စက်တင်ဘာ ၂၂
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် စက်တင်ဘာ ၂၃ ရက် (ယနေ့) ညနေပိုင်းတွင် စတင် လေ့ကျင့်မည်ဖြစ်သည်။
မြန်မာယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် တောက်လျှောက် လေ့ကျင့်မည်ဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်မည့် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့မှ ကစား သမားများမှာမူ ဗိုလ်လုပွဲပြီးမှ အသင်းနှင့် ပူးပေါင်းနိုင်မည် ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဩဂုတ်လ နောက်ဆုံးပတ်က စခန်းဝင် လေ့ကျင့်မှုပြုလုပ်ခဲ့သော်လည်း ကလပ်အသင်းများ၏ ရာသီပိတ် နောက်ဆုံးပွဲများ ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသောကြောင့် ထိုင်း ခရီးစဉ် အပြီးတွင် လေ့ကျင့်မှု ရပ်နား ခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ထိုင်းခြေစမ်းခရီးစဉ် သွားရောက် ကစား ခဲ့သည့် ကစားသမားအချို့ကို အပြောင်းအလဲပြုလုပ်ကာ ၃၅ ဦးဖြင့် စတင်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာ တွင် နိုင်ငံတကာ ခြေစမ်းပွဲကစားတော့မည်မဟုတ်ဘဲ အောက်တိုဘာလ မှသာ ပြန်လည်ကစားမည် ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကာတာ နိုင်ငံ ဒိုဟာမြို့ ၌ လေ့ကျင့်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် ခြေစမ်းပွဲ သုံးပွဲကစား မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာ ခြေစမ်းပွဲအချို့လည်း ထပ်မံကစားရန် စီစဉ်ထားကြောင်း သိရသည်။
ပြန်လည် ဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၂၂ အသင်းတွင် ဂိုး-ဆန်းဆက်နိုင် (ရန်ကုန်)၊ ဘုန်းသစ္စာမင်း (ရှမ်း)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒာဦး (မြ၀တီ)၊ ဇင်ညီညီအောင်(အား/ ကာသိပ္ပံ)၊ နောက်တန်း-ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း(ရှမ်း)၊ အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးအောင် (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ စိုးမိုးကျော် (ဧရာ၀တီ)၊ သူရိန်စိုး၊ ထူးခန့်လွင် (ရန်ကုန်)၊ ဝင်းမိုးကျော်၊ ကျော်သူထွန်း (မကွေး)၊ အလယ်တန်း-နေမိုးနိုင်၊ စိုးလွင်လွင်၊ ဇင်မင်းထွန်း၊ ဇေယျာနိုင် (မကွေး)၊ လွင်မိုးအောင် (ဧရာ၀တီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ ပြည့်စုံနိုင် (ရတနာပုံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ ကျော်မျိုးနိုင် (အား/ကာ သိပ္ပံ)၊ မျိုးမင်းဖြိုး (စစ်ကိုင်း)၊ ဇွဲသက်ပိုင် (ရှမ်း)၊ ထက်လင်းလင်း၊ ဟိန်းထက်အောင်(ဟံသာ၀တီ)၊ ရှေ့တန်း-ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို (ရှမ်း)၊ အောင်ကောင်းမာန် (ဧရာ၀တီ)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)နှင့် သန့်ဇင်မြင့် (အား/ကာသိပ္ပံ)တို့ ပါဝင်ကြသည်။
ညီမြတ်သော်တာ

No comments:

Post a Comment