နေပြည်တော်
စက်တင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊
နေပြည်တော်အတွင်းရှိမသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက
ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ သည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အားလုံးအခြေခံ
လူ့အခွင့်အရေးများ ရရှိပြီး လူ့ဂုဏ်သိက္ခာနှင့်အညီရပ်တည်နေနိုင်ရန် လူမှုကာကွယ် စောင့်ရှောက်ရေး
နည်းလမ်းများဖြင့်ကြိုးပမ်းပေး လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများနှင့်
ပတ်သက်၍ မြန်မာနိုင်ငံမသန် စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ
(၂၀၁၆-၂၀၂၅)ကိုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အခွင့်အရေးများကိုဖော်ဆောင် ပေးရန် မသန်
စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ကိုဖွဲ့စည်းပြီး လုပ်ငန်းကော်မတီများကို
နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်
လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမသန် စွမ်းသူများအသင်းချုပ် အနေဖြင့်လည်း တိုင်းဒေသကြီး၊
ပြည်နယ် များတွင် မသန်စွမ်းသူ အသင်းများကိုဖွဲ့စည်းပြီး လုပ်ငန်းများဆောင် ရွက်လျက်ရှိကြောင်း၊
မသန်စွမ်း သူများအတွက်နိုင်ငံတော်က မသန်စွမ်းရန်ပုံငွေကို ထူထောင်ပေး လိုက်ပြီဖြစ်ရာအဆိုပါ
အသင်းများ နှင့် ကော်မတီများပူးပေါင်း၍ မသန်စွမ်းသူများအား စွမ်းနိုင်သမျှစွမ်း အောင်ကူညီပြီး
မသန်စွမ်းသူ များစွမ်းဆောင်နိုင်မည့် အလုပ်အကိုင်များကို ဖော်ဆောင်ပေးရန် ရင်းနှီးမှုပြုရမည်ဖြစ်ကြောင်း၊
မသန် စွမ်းမှုအဆင့်ခွဲခြားသတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများလည်း
စီစဉ် ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ မသန်စွမ်းမှုအဆင့်ခွဲခြားသတ်မှတ်ခြင်း ဆိုသည်မှာ
ခွဲခြား ဆက်ဆံခြင်း မဟုတ်ဘဲ မသန်စွမ်းသူ တစ်ဦးချင်းစီ၏ အခြေအနေအမှန် နှင့်လိုအပ်ချက်တို့ကို
စိစစ်ဖော်ထုတ်ပြီး ပံ့ပိုးကူညီရန် ဖြစ်ကြောင်း၊ မသန်စွမ်းများအတားအဆီးမရှိသွားလာနိုင်ရေးကို
ဖြည့်ဆည်းပေးရန်မသန်စွမ်း သူများအတွက် အတားအဆီးကင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်ရေးကိုလည်း
ကြိုးပမ်း လျက်ရှိပါကြောင်း၊ ငွေကြေးထောက်ပံ့မှု သည် ကနဦးထောက်ပံ့ ပေးခြင်းသာဖြစ်ပြီး
မသန် စွမ်းသူ များမှတ်ပုံ တင်ခြင်း လုပ်ငန်းပြီးမြောက်ပါက ပိုမိုကောင်းမွန်သော ကူညီပံ့ပိုးမှုများ
ကိုရရှိစေ မည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီအတွင်း၌ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ပြီးဖြစ်ရာ
ယနေ့ထောက်ပံ့မှုသည် ထပ်မံရရှိသောစာရင်းများအရကျန်ရှိသူများအား ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်းနှင့်
ဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီပေး လျက်ရှိကြသည့်
ဆက်စပ်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊
ပရဟိတအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများကိုလည်းကျေးဇူးတင် ရှိပါကြောင်း နှင့် ဆက်လက်
ပူးပေါင်းကြစေလိုကြောင်းပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည်မသန်စွမ်းသူ (၁၁၈)ဦး အတွက်
ထောက်ပံ့ငွေ ကျပ်၃,၅၄၀,၀၀၀/- (ကျပ်သုံးဆယ့်ငါးသိန်းလေးသောင်းတိတိ)ကို ပေးအပ်ရာတာဝန်ရှိသူများက
လက်ခံရယူခဲ့ကြသည်။
ယင်းနောက်အခမ်းအနားသို့ကိုယ်တိုင်
တက်ရောက်လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ ငွေများကို လက်ဝယ်အရောက်ပေးအပ် ခဲ့ကြပြီး
ထောက်ပံ့မှုများအတွက်မသန်စွမ်းသူ တစ်ဦးက ကျေးဇူးတင် စကား ပြောကြားခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)
No comments:
Post a Comment