ရန်ကုန် စက်တင်ဘာ ၂၀
နီပေါနိုင်ငံ အမျိုးသားနေ့
အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၆ နာရီခွဲ တွင် ရန်ကုန်မြို့
တာမွေမြို့နယ်၊ နက်မောက်ရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံရုံး၌
ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်
ဇနီး ဒေါ်ခိုင်နွယ်ဦးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် နီပေါနိုင်ငံ နိုင်ငံတော်
သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက်
မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Bhim Krishna Udas နှင့်
ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြပြီး
ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့်ဇနီးတို့သည်
တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့်ဇနီး၊
ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီးတို့က
နီပေါနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြပြီး
ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးနှင့်ဇနီးက ညစာစားပွဲဖြင့်
တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်မြို့ရှိ
နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊
ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment