နေပြည်တော်
စက်တင်ဘာ ၂၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဘင်း ကေ အူးဒက်စ်နှင့်
ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းရှိ အဆိုပါဝန်ကြီးရုံး
(ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့် နီပေါနှစ်နိုင်ငံအကြား
သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍတို့၌ ပိုမိုပူပေါင်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရေး
ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment