နေပြည်တော် စက်တင်ဘာ ၁၉
၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့တွင်
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်မျက်အတွဲ
စုစုပေါင်း ၄၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။
ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲအမှတ် (၁) မှ (၄၈၁) အထိ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်မျက်အတွဲ ၄၀ ကို ယူရိုငွေ ၀ ဒသမ ၃၇၈ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
ထို့အတူ ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၁၃၁၁) အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၁၁) တွဲကို စက်တင်ဘာ ၂၀ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၁၃၁၂) မှ (၂၆၁၁) အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀၀) ကို စက်တင်ဘာ ၂၁ ရက် တွင် လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၂၆၁၂) မှ (၃၉၁၁) အထိ ကျောက်စိမ်း အတွဲပေါင်း (၁၃၀၀) ကို စက်တင်ဘာ ၂၂ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်းအတွဲ အမှတ် (၃၉၁၂) မှ (၅၂၁၁) အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀၀) ကို စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၅၂၁၂) မှ (၆၅၁၁) အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀၀) ကို စက်တင်ဘာ ၂၄ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၆၅၁၂) မှ (၇၈၁၁) အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀၀) ကို စက်တင်ဘာ ၂၅ ရက်တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ရတနာပြပွဲသို့ တရုတ်၊ ထိုင်း၊ မလေးရှား၊ ကနေဒါနှင့် အမေရိကန် နိုင်ငံတို့မှ ပြည်ပရတနာကုန်သည် စုစုပေါင်း ၃၀၆၉ ဦးနှင့် ပြည်တွင်းရတနာ ကုန်သည် ၁၈၆၅ ဦး စုစုပေါင်း ရတနာကုန်သည် ၄၉၃၄ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားပြီး ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် အများအပြား တက်ရောက်ကြသည်။
သတင်း- မွှေးကြူဇင်
ဓာတ်ပုံ- ထန်းဖုန်

No comments:
Post a Comment