Monday, June 10, 2019

မြန်မာ ညနေခင်း ခရီးသွားမြှင့်တင်ရေးပွဲ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ၌ ကျင်းပ



ဆိုးလ် ဇွန် ၉

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှု၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ စီစဉ်ဆောင်ရွက်မူနှင့် ကိုရီယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာညနေခင်း ခရီးသွားမြှင့်တင်ရေးပွဲကို ဇွန် ၈ ရက် ညနေပိုင်းတွင် ဆိုးလ်မြို့ရှိ Coex ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသက်လွင်တိုးနှင့် မြန်မာ-ကိုရီးယား ခရီးသွားလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။

ခရီးသွားမြှင့်တင်ရေးပွဲတွင် သံအမတ်ကြီး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြား သည်။ အခမ်းအနားတွင် မြန်မာ့ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်ပြီး မြန်မာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကာ မြန်မာ့ခရီးစဉ် ဒေသများကို မြှင့်တင်နိုင်ခဲ့ကြောင်း သိရသည်။

Korea World Travel Fair ခရီးသွားပြပွဲကို နှစ်စဉ် ဆိုးလ်မြို့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံပြခန်းသို့ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသည်။ မြန်မာနိုင်ငံသို့ ကိုရီးယားခရီးသွားများကို ဗီဇာ ကင်းလွတ်ပေးပြီးနောက် လစဉ် ၉၀ ရာခိုင်နှုန်း တိုးတက်နေကြောင်း သိရှိရသည်။

မြန်မာခရီးစဉ်ဒေသ အကောင်းဆုံးဆွဲဆောင်နိုင်မှု ဒုတိယ ဆုကို နိုင်ငံပေါင်း ၃၀ ကျော်တွင် မြန်မာနိုင်ငံ ပြခန်းက ရရှိခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment