Monday, June 10, 2019

ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော် လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး



ရန်ကုန် ဇွန် ၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဂျပန်နည်းပညာသစ်ဖြင့် ဆောင်ရွက်မည့် ပဲခူးမြစ်ကူး တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်း ဆောင်တွင် တံတားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတား တည်ဆောက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အင်ဂျင်နီယာချုပ် ဦးကျော်လင်းက တံတား တည်ဆောက်ရေးအတွက် စီမံကိန်းနှင့် မလွတ်ကင်းသည့် အဆောက်အအုံများ၊ ဓာတ်တိုင်များ၊ ပိုက်လိုင်းများ ဖယ်ရှားရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့် ညှိနှိုင်းဆောင်ရွက်မှု ကို လည်းကောင်း၊ Consultant များမှ တာဝန်ရှိသူများက တံတားနေရာ ရွေးချယ်ထားမှု၊ တံတား တည်ဆောက်ရေး စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်း စဉ်များ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-သန်လျင် တံတား အမှတ် (၁) ကြံ့ခိုင်မှု၊ သန်လျင်ဘက် အခြမ်းတွင် ဂျပန်နိုင်ငံ (JICA ODA LOAN ) ချေးငွေဖြင့် ဆောင်ရွက် နေသောအရှည် ၅ မိုင် ၄ ဖာလုံ သန်လျင်- သီလဝါလမ်းမကြီး အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် Contractor,Tekken Corporation နှင့် Consultant, Nippon Koei Co.,Ltd တို့မှ ဆောင်ရွက်နေသည့် ကတ္တရာကွန်ကရစ် (AC) ခင်းခြင်း လုပ်ငန်းဆောင်ရွက် နေ မှု၊ သန်လျင် - ကျောက်တန်းနှင့် သန်လျင်- သီလဝါလမ်းမကြီး “လမ်းခွဲ”နေရာတွင် ကတ္တရာ ကွန်ကရစ် ခင်းနေမှု၊ Concrete Box Culvert ဆောင်ရွက် ပြီးစီးမှု၊ Concrete Pipe Culvert များ ဆောင်ရွက်ပြီးစီးမှု၊ လမ်းဘေးဝဲ၊ ယာရေမြောင်းနှင့် Cable Line ထည့်မည့် Box များ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ် ချက်များ မှာကြားသည်။

ယင်းနောက် လမ်းဦးစီးဌာန တောင်ပိုင်းခရိုင်ရုံး ရှင်းလင်းဆောင်တွင် JICA ODA LOAN ဖြင့် သန်လျင်- သီလဝါ လမ်းမကြီး အဆင့်မြှင့်တင်တိုးချဲ့ ခြင်းလုပ်ငန်း ဆောင်ရွက်ရာ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစီမံချက်၊ ဆောင်ရွက်ပြီးစီးသည့် အပိုင်းနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းအခြေ အနေ တို့ကို တာဝန်ရှိ သူများက ကဏ္ဍအလိုက်တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိ သူများ အား မှာကြားသည်။

ယခုဆောင်ရွက်နေသည့် သန်လျင်- သီလဝါလမ်းမကြီးသည် အရှည် ၅ မိုင် ၄ ဖာလုံ၊ ယာဉ်သွားလမ်း အကျယ် ၄၆ ပေ၊ လေးလမ်းသွားနှင့် လမ်းပခုံးနှစ်ဖက် အကျယ် ၆ ဒသမ ၆ ပေ၊ လမ်းဘေးဝဲ၊ ယာတွင် ရေမြောင်းနှင့် Cable Line ထည့်မည့် Box အကျယ်နှစ်ဖက်၂၆ ပေ ပါရှိသည့် နိုင်ငံတကာစံနှုန်းမီ လမ်းတစ် လမ်းဖြစ်သည်။ လုပ်ငန်းပြီးစီးမှုမှာ ရေမြောင်း ၉၆ ရာခိုင်နှုန်း၊ Box Culvert ၉၈ ရာခိုင်နှုန်းနှင့် စီမံကိန်း တစ်ခုလုံးအနေဖြင့် ၇၄ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment