ရန်ကုန် ဇွန် ၆
ရန်ကုန်-မန္တလေးရထားလမ်းပိုင
ဂျပန်နိုင်ငံမှ ဝယ်ယူထားသော သံလမ်းတန်ချိန် ၃၀၀၀ ခန့်ကို တင်ဆောင် လာသော MV. Spm Bangkok သင်္ဘောသည် ဇွန် ၄ ရက်က ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ သည်။ အဆိုပါ အဆင့်မြှင့်ရထားသံလမ်း သစ်များကို ဇွန် ၅ ရက် နံနက် ၈ နာရီမှ စတင်ကာ ရထားတွဲ များပေါ်သို့ တင်/ချ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသံလမ်းများကို ဆူးလေ ဆိပ်ကမ်းမှတစ်ဆင့် ရွာသာကြီးကုန်းတွင်း ဆိပ်နေရာသို့ ပို့ဆောင်မည်ဖြစ်ပြီး ထိုမှ တစ်ဆင့် ရန်ကုန်-တောင်ငူလမ်းပိုင်း လုပ်ငန်းခွင်နေရာသို့ ပို့ဆောင်မည်ဖြစ် ကြောင်း သိရသည်။
ရောက်ရှိလာသော သံလမ်းများအား အသုံးပြုမှုနှင့်ပတ်သက်၍ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (အောက်မြန်မာ ပြည်) ဦးထွန်းအောင်သင်းက “ဒီရောက် ရှိတဲ့ သံလမ်းတွေအားလုံးက ရန်ကုန်- မ္တလေး အဆင့်မြှင့်တင်ရေးမှာ ပထမ အဆင့်ဖြစ်တဲ့ ရန်ကုန်-တောင်ငူလမ်းပိုင်း မှာ ပထမဆုံးစပြီး အသုံးပြုမှာ ဖြစ်တယ်။ အဲဒါက ၁၁၆ မိုင်မှာပါ။ ပြီးတဲ့အခါကျတော့ မိုင် ၂၀၀ ကျော်က တောင်ငူ-မန္တလေးပေါ့။ အဲဒါကိုလည်း ဆက်ပြီးလုပ်ဆောင်သွား မှာ ဖြစ်တယ်။ အားလုံး စုစုပေါင်း ၂၂ ခေါက် ရောက်ရှိမှာ ဖြစ်ပါတယ်။ အဓိက ကတော့ ရောက်ရှိတဲ့သံလမ်းတွေကို ဒီရက်ထဲအတွင်းမှာ ၇၂ နာရီအတွင်း ရအောင်ချတာဖြစ်ပါတယ်” ဟု ပြော ကြားသည်။
ယခုအသစ်ရောက်ရှိလာသော ပေါင် ၁၁၀ သံလမ်းများကို ယခင်အသုံးပြုခဲ့ သော ၇၅ ပေါင် သံလမ်း များနေရာတွင် လဲလှယ်အသုံးပြုသွားမည်ဖြစ်ေ
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကို ဂျပန်နိုင်ငံမှ အကူ အညီဖြစ်သော အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပြီး စီမံကိန်းကာလ လေးနှစ်ခန့် ကြာမြင့် မည်ဖြစ်ကာ စီမံကိန်းပြီးစီးပါက ရန်ကုန်မှ ပဲခူးသို့ တစ်နာရီနှင့် ပဲခူးမှ မန္တလေးသို့ ခရီးသွားချိန် ခုနစ် နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါခရီးကို လေအေးပေးစက်တပ်ဆင် ထားသော လေအိတ်ရထားတွဲဆိုင်းသစ် များဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရ သည်။
ဂျပန်နိုင်ငံမှ ဝယ်ယူထားသည့် သံလမ်းတန်ချိန် ၂၈၅၀ သည် ပထမ အကြိမ်အဖြစ် မေ ၁ ရက် တွင် MV. Taikli သင်္ဘောဖြင့် ရောက်ရှိလာခဲ့ရာ အဆိုပါသံလမ်းများကို ရွာသာကြီး ကုန်း တွင်းဆိပ်မှ တစ်ဆင့် ရန်ကုန်-တောင်င ရထားလမ်းပိုင်းတွင် အသုံးပြုရန် ပို့ ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း (ကမာရွတ်) ဓာတ်ပုံ - ထိန်လင်း

No comments:
Post a Comment