ရန်ကုန် ဇွန် ၁၃
မြန်မာနိုင်ငံ စွမ်းအင်ဆိုင်ရာ အရပ်ဘက်
အဖွဲ့အစည်းများဖိုရမ်ကို ဇွန် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် တာမွေ မြို့နယ်
ဖိုးစိန်လမ်း ရှိ Green Hill ဟိုတယ်၌ ကျင်းပရာ အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်မှ ကိုယ်စား
လှယ် ၁၅၄ ဦး တက်ရောက် ဆွေးနွေးခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား
အမြန်ဆုံးရရှိရေး အတွက် ပြန်ပြည့်မြဲ စွမ်းအင်သုံးစွဲမှု မြှင့်တင်ရေးနှင့်
ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုရန် မူဝါဒများ ဖြေလျှော့ ပေးရေးကို
တိုက်တွန်းအကြံပြုကြသည်။
ဒီနေ့ ကျွန်တော်တို့ တိုင်းပြည် အတွက်
လျှပ်စစ်စွမ်းအင်ကဏ္ဍကို သုတေသနလုပ်ဖို့ Reform လုပ်ဖို့ လိုပါလိမ့်မယ်။ နိုင်ငံတကာ ကြွေးမြီတွေက
စွမ်းအင်ကဏ္ဍမှာ အမြင့်ဆုံးဖြစ်နေပြီး နိုင်ငံခြားကြွေးမြီ ၃ ဘီလီယံ လောက်က
စွမ်းအင်ကဏ္ဍအတွက် ချေးထားတဲ့ အကြွေးတွေပါ။ နိုင်ငံတကာ ချေးငွေတွေ လည်းရှိနေတယ်။
တစ်ဖက် မှာ လူမှု ဘ၀တွေအတွက်လည်း မလုံလောက်ဘူး။ ဘယ်နေရာမှာ မှားနေလဲဆိုတာ သုတေ သန
လုပ်ဖို့လိုပါတယ်။ ပြီးတော့ မဟာဗျူဟာကျကျနဲ့ မူဝါဒတွေကို ပြန်ပြီး ပြုပြင်ဖို့
လိုပါလိမ့်မယ်။ ကျွန်တော် တို့ နိုင်ငံမှာ သင့်တော်တဲ့ ရာသီဥတုအပေါ် အခြေခံပြီး
ရေအားလျှပ်စစ် သုံးတဲ့နေရာမှာ ရေအားနဲ့ သုံးမယ်။ ဆိုလာသုံးသင့်တဲ့ အချိန်မှာ
ဆိုလာသုံးမယ်။ ဂက်စ်အသုံး ပြုသင့်ချိန် ဂက်စ်သုံးမယ်။ ဟန်ချက် ညီတဲ့ အသုံးပြုမှုတွေ
သုတေသနလုပ်ဖို့လိုတယ်။ ဒါတွေကို ကျွမ်းကျင် တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးသင့်တယ်၊
တိုင်ပင်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ် ဟုရှမ်းပြည်နယ် အလုပ်အဖွဲ့မှ
ကိုအောင်ကျော်မိုး က ပြောသည်။
မြန်မာတစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရေး ၂၀၃၀
စီမံကိန်းနှင့် ပတ်သက်၍ မေ ၂၂ ရက်က ပြည်သူ့ လွှတ်တော်၌ ဆွေးနွေးခဲ့ရာတွင် ရေအား မှ
၃၂ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၃၃ ရာခိုင်နှုန်း၊ ဓာတ်ငွေ့မှ ၂၀ ရာခိုင်နှုန်း၊
ပြန်ပြည့်မြဲစွမ်းအင် ၉ ရာခိုင်နှုန်း၊ အကြီးစားရေအားလျှပ်စစ်မှ ၆ ရာခိုင်နှုန်း ပါဝင်နေပြီး
ပြန်ပြည့်မြဲ စွမ်းအင်ထုတ်လုပ် ဖြန့်ဝေပေးနိုင်ရန် ကျေးလက်နေ ပြည်သူ
များကိုယ်တိုင် ဆုံးဖြတ်စီမံဆောင်ရွက် နိုင်သော မူဝါဒများကို နိုင်ငံတကာစံချိန်
စံညွှန်းများနှင့်အညီချမှတ်ကာ နိုင်ငံတော် မှ အားပေးလုပ်ဆောင်ရန် ဆွေးနွေး
အကြံပြုခဲ့ကြောင်း သိရသည်။
ဓာတ်အားလိုင်းများမှ လျှပ်စစ် လေလွင့်မှုမရှိစေရေးအတွက်
သက်ဆိုင်ရာ ဝန်ထမ်းများကို စွမ်းရည်မြှင့်တင် ပေးခြင်း၊ လျှပ်စစ် သုံးစွဲသူများကို
အသိ ပညာပေးခြင်း၊ ပွင့်လင်းမြင်သာရှိရေး၊ တည်ငြိမ်သော လျှပ်စစ် စွမ်းအားကို
ပြည်သူများ သုံးစွဲနိုင်ရေး၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ တစ်ပိုင်တစ်နိုင်
လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့် ဒေသခံ ကုမ္ပဏီများကိုအစိုးရက
ကူညီပံ့ပိုးရေး စသည့် အချက် ၇ ချက်ပါ အကြံပြု ချက် များပါဝင်သည့်
ထုတ်ပြန်ကြေညာချက် တစ်စောင်ကိုလည်း ဤဖိုရမ်မှ ထုတ်ပြန်ခဲ့ သည်။
သန့်ဇင်ဝင်း
No comments:
Post a Comment