Wednesday, February 6, 2019

ကွတ်ခိုင်မြို့နယ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ



နေပြည်တော် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ပေါ်တံတား စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ညနေ ၆ နာရီခန့်တွင် တီးမားရွာဘက်မှ မူဆယ်ဘက်သို့ တီးမားကျေးရွာနေ ကျောင်လျို မောင်းနှင်လာပြီး မူဆယ်မြို့ မန်ဝိန်းရပ် စွမ်စော်ရပ်ကွက်နေ လင်စူးကျဉ်နှင့် ဟုန်စီတို့ လိုက်ပါလာသည့် မတ်တူးအမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN-5C/---- ---- ယာဉ်ကို ရပ်တန့်ရှာဖွေ သည်။
ထိုသို့ ရှာဖွေရာတွင် ယာဉ်အတွင်းထည့်၍ သယ်ဆောင် လာသော ဘိန်းဖြူဆပ်ပြာခွက် ငါးခွက် (စုစုပေါင်း ၁၆ ဂရမ်ခန့်)၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၀၀ (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆ သိန်းကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများကို မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment