Friday, February 1, 2019

နှစ်အလိုက်တင်သွင်းခွင့်ပြုခဲ့သော အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်းမရှိသော စက်ပစ္စည်းများကို ၂၀၁၉ ခုနှစ်တွင် အထူး ကိစ္စရပ်အနေဖြင့် ဆက်လက်တင်သွင်းခွင့်ပြု


နေပြည်တော် ဇန်နဝါရီ ၃၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အသေးစား/ အလတ်စား စက်မှုလုပ် ငန်းများ အပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ လုပ်ငန်းတည်ထောင်ဆောင် ရွက်ရာ၌ အထောက်အကူဖြစ် စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေရန်အတွက် ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက် တင်သွင်းခွင့်ပြုခဲ့သော အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်းမရှိသော စက်ပစ္စည်း(Used Machine) များကို ၂၀၁၉ ခုနှစ်တွင် အထူးကိစ္စရပ်အနေဖြင့် ဆက်လက် တင်သွင်း ခွင့်ပြုလိုက်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

အသုံးပြုပြီး စက်ပစ္စည်းများ တင်သွင်းခြင်းကို ပင်လယ်ရေကြောင်းမှသာ ခွင့်ပြုမည်ဖြစ်ပြီး ပြည်တွင်းတွင် အသုံးမတည့်သော စက်ပစ္စည်းများ စုပုံနေခြင်း၊ ပတ်ဝန်းကျင်ထိခိုက်စေခြင်းများ မဖြစ်ပေါ်စေရန်နှင့် လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုစွမ်းရည်တိုးတက်စေရန်တို့အတွက် ရည်ရွယ်၍ အသုံးပြုပြီးသည့်ခုနှစ် ၁၀ နှစ်ထက်မပိုသော တိုက်ရိုက် အသုံးပြုနိုင်မည့် စက်ပစ္စည်းများကို သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။
စက်ပစ္စည်းများကို တင်သွင်းခွင့်လျှောက်ထားရာတွင် စက်ပစ္စည်း၏ စံချိန်စံညွှန်း အပြည့်အစုံကို ဖော်ပြလျှောက်ထား ရမည်ဖြစ်ပြီး Brand Name ၊ Capacity ၊ ထုတ်လုပ်သည့်ခုနှစ်၊ ထုတ်လုပ် သည့်နိုင်ငံ၊ စက်၏ သုံးစွဲသည့် စွမ်းအင်/လောင်စာတို့ကို ဖော်ပြ လျှောက်ထားရမည်ဖြ စ်ကြောင်းသိရသည်။
▲▲ခေတ်မီနည်းပညာဖြင့်ထုတ်လုပ်သောစက်ပစ္စည်း▲▲
သတ်မှတ်ချက်များတွင် အသုံးပြုနိုင်သည့် စက်အရည်အသွေးသည် ၈၀ ရာခိုင်နှုန်းထက် မနည်းသော အရည်အသွေး၊ အသုံးပြုပြီး စက်ပစ္စည်းတင်သွင်းရန်အတွက် စက်မှုကြီးကြပ်ေ ရးနှင့် စစ်ဆေးရေး ဦးစီးဌာန၏ ထောက်ခံချက်၊ အသုံးပြုပြီး စက်ပစ္စည်း၏ ပြည်ပနိုင်ငံတွင် Running Condition နှင့် ပတ်သက်၍ ဆိပ်ကမ်းဆိုက်ရောက်သည့် ရက်မတိုင်မီ ၆ လ အတွင်း စစ်ဆေးထားသော Pre-shipment Inspection Certificate တင်ပြရမည်ဖြစ်ပြီး စက်မှုဖွံ့ဖြိုးပြီးသည့်နိုင်ငံမှ ခေတ်မီနည်းပညာဖြင့် ထုတ်လုပ် သောစက်ပစ္စည်းဖြစ်ရမည်ဖြစ်သည်။
▲▲ထောက်ခံချက်ပါရှိရမည်▲▲
ထို့ပြင် အမှန်တကယ် အသုံးပြုမည့် လုပ်ငန်းဖော်ပြချက်၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ဆိုင်ရာမွန်ထရီယယ် နောက်ဆက်တွဲစာချုပ်၊ စတော့ဟုမ်းကွန်ဗင်းရှင်း၊ ဘာဆယ်ကွန်ဗင်းရှင်းများအရ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီခြင်းရှိစေရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ ထောက်ခံချက်တို့ လည်း ပါရှိရမည်ဖြစ်ကြောင်း သိရသည်။
▲▲စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးသွားမည်▲▲
တင်သွင်းလာသော အသုံးပြုပြီးစက်ပစ္စည်းများကို တင်သွင်းလိုင်စင်ပါ လျှောက်ထားချက် များနှင့် ကိုက်ညီမှုရှိ/မရှိကို လိုအပ်ပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးသွားမည်ဖြစ် ကြောင်းသိရပြီး စစ်ဆေးချက်အရ သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိကြောင်းစိစစ်တွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်းသိရသည်။
▲▲နှစ်စဉ် ပြန်လည်သုံးသပ်ထုတ်ပြန်သွားမည်▲▲
သို့သော် အသုံးပြုသည့် ခုနှစ် ၁၀ နှစ်ထက် ကျော်လွန် နေသော်လည်း ပြည်တွင်း အသေးစား/ အလတ်စား လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် အရည်အသွေးမြင့်အသုံးပြုပြီး စက်ပစ္စည်းများဖြစ်ပါက အထူးကိစ္စ တစ်ရပ်အနေဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ထောက် ခံချက်နှင့်အတူ တင်သွင်းခွင့်ပြု မည်ဖြစ်ပြီး အသုံးပြုပြီး စက်ပစ္စည်းများ တင်သွင်းခွင့်ပြုသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် သတ်မှတ်ချက်များကို နှစ်စဉ်ပြန်လည် သုံးသပ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်

No comments:

Post a Comment