နေပြည်တော် ဇန်န၀ါရီ ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သည်
အင်္ဂလန် နိုင်ငံ လန်ဒန်မြို့၌ ကျင်းပမည့် The Education World Forum တက်ရောက်ရန် ဇန်န၀ါရီ
၁၉ ရက်တွင် ရန်ကုန်မြို့မှ လန်ဒန်မြို့သို့ ရောက်ရှိသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်န၀ါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀
နာရီတွင် လန်ဒန်မြို့ရှိ မြန်မာ သံရုံးတွင် အင်္ဂလန်နိုင်ငံ၌ ပညာ သင်ယူနေကြသည့် ၀န်ထမ်း
ပညာသင်များ၊ ပြင်ပမှ လူငယ် ပညာသင် များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်း
လဲမှုများ၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်များ၏ အခန်း ကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးပြီး
ပညာသင်များ၏ သိရှိလိုသည် များကို ပြန်လည်ဆွေးနွေး ဖြေကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်န၀ါရီ ၂၁ ရက် နံနက်ပိုင်းတွင် The
Old Westminister Library ၏ The Cinnamon Club ၌ ကျင်းပ သည့် အင်္ဂလန် နိုင်ငံ ပညာရေးဝန်ကြီးဌာနမှ
Parliamentary Under Secretary of State for Children and Family, Nadhim Zahawi
MP မှ တည်ခင်းဧည့်ခံသော ASEAN Minister Breakfast ကို တက်ရောက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Queen Elizabeth II Center ၌ ကျင်းပသောThe
Education World Forum သို့ တက်ရောက်ပြီး ညပိုင်းတွင် Secretary of State for
International Development မှ The Rt Hon Penny Mordauant Mp က Lancaster House တွင်
တည်ခင်းဧည့်ခံသော EWF Official Reception သို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးသည် ဖိုရမ်တက်ရောက်နေစဉ် Cambridge
Assessment English မှ Mac Graw Hill Education အပါအ၀င် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ
ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီး သည် ဇန်န၀ါရီ ၂၂ ရက် မွန်းလွဲပိုင်းတွင်
The Education World Forum ၌ Ministerial Exchange B: Extending Teaching and
Learning Opportunity ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး မြန်မာနိုင်ငံ တွင် ဆောင်ရွက်နေသည့်
ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို ရှင်းလင်း ပြောကြား၍ ညပိုင်းတွင် Royal
Oversea League ၌ Irrawaddy Policy Exchange က တည်ခင်းဧည့်ခံသော ညစာစားပွဲ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်န၀ါရီ ၂၃ ရက်တွင် Reay Primary
School နှင့်The Open University Futurelearn တို့ကို သွားရောက်လေ့ လာပြီး The
Open University ၌ ရန်ကုန် တက္ကသိုလ် Master Plan နှင့် စပ်လျဉ်း၍ ဆွေးနွေး ပွဲသို့
တက်ရောက်သည်။
ယင်းနောက် လန်ဒန်မြို့Spring Gardens ရှိ British Council ရုံးတွင်
ကျင်းပသော Continuous Professional Development for Teachersခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့
ယူဂန္ဓာနှင့် နိုင်ဂျီးရီး ယားနိုင်ငံ တို့မှ ကိုယ်စားလှယ်အဖွဲ့ များနှင့်အတူ တက်ရောက်ဆွေးနွေး
ပြီး ညပိုင်းတွင် မြန်မာသံအမတ်ကြီးက တည်ခင်း ဧည့်ခံသော ဂုဏ်ပြု ညစာ စားပွဲသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်န၀ါရီ ၂၄ ရက်တွင် လန်ဒန်မြို့မှ ပြန်လည်
ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ဇန်န၀ါရီ ၂၅ ရက် နံနက် ပိုင်းတွင် ပြန်လည်ရောက်ရှိသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်တွင် The
Education World Forumသို့ တက်ရောက် ခဲ့ပြီး မြန်မာနိုင်ငံတွင် ပညာရေးပြုပြင်ပြောင်းလဲ
မှုလုပ်ငန်းများကို အတူပူးပေါင်းဆောင် ရွက်နေသည့် British Council, DFID, The Open
University, The University College London Institute of Education, The Cambridge
Assessment English, Mac Graw Hill Education နှင့် Irrawaddy Policy Exchange စသော
အဖွဲ့အစည်း များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မူလတန်းကျောင်းနှင့်
တက္ကသိုလ် များတို့ သွားရောက်လေ့လာခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment