Wednesday, January 30, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကွမ်းလုံ၊ ဟော်ပန်၊ ချင်းရွှေဟော်ကုန်သည်အသင်း ဥက္ကဋ္ဌ ဒေါ်လွင်လွင်မာနှင့် အဖွဲ့ အား တွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၃၀

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကွမ်းလုံ၊ ဟော်ပန်၊ ချင်းရွှေဟော်ကုန်သည်အသင်း ဥက္ကဋ္ဌ ဒေါ်လွင်လွင်မာနှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် လယ်ယာထွက်ကုန်ပစ္စည်းများအား ချင်းရွှေဟော်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ကုန်ပစ္စည်းချင်းဖလှယ်သည့်စနစ် အသုံးပြုနိုင် ရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများအား ချမှတ်ဆောင်ရွက်သွားနိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု လွယ်ကူလျှင်မြန် ချောမွေ့စေရေးနှင့် နယ်စပ် ကုန်သွယ်ရေးတွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် တရားမဝင် ကုန်သွယ်မှု များအား အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်သွားရေး၊ နယ်စပ်ကုန်သွယ်ရေး တွင် အဓိကကျသော အခြေခံအဆောက်အဦများအား အဆင့်မြှင့်တင်နိုင်ရေး၊ တရုတ် နိုင်ငံသို့ ဆန်၊ ပြောင်း၊ သကြား တင်ပို့မှုတိုးမြှင့်နိုင်ရန်အတွက် နည်းလမ်းများရှာဖွေဆောင် ရွက်သွားရေးတို့ကို ဆွေးနွေးကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment