စစ်တွေ ဇန်န၀ါရီ ၂၃
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.
Christine Schraner Burgener နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် လျှပ်စစ်၊
စက်မှုနှင့် လမ်းပန်း ဆက်သွယ်ဝန်ကြီး ဦးအောင်ကျော်ဇံ၊
တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်
ပေါက်တောမြို့နယ် အတွင်းရှိ IDP စခန်းများသို့ သွားရောက်ကြည့်ရှုသည်။တွေ့ဆုံမေးမြန်း
ရှေးဦးစွာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်နှင့် အဖွဲ့သည် ပေါက်တောမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် ကြိမ်နီပြင်နှင့် အနောက်ရဲ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး လတ်တလော စားဝတ်နေရေး၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးတို့နှင့်စပ်လျဉ်း၍ မြေပြင်အခြေအနေများကို မေးမြန်းကာ စခန်းရှိအမျိုးသမီးများနှင့် သီးသန့်တွေ့ဆုံခဲ့ပြီး အမျိုးသမီးဆိုင်ရာ အခွင့်အရေးများ၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းသည်။
ယင်းနောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ကယ်ဆယ်ရေးစခန်းရှိသူများအား နိုင်ငံတော် မှ အကောင်အထည်ဖော် လုပ်ဆောင်ပေးလျက်ရှိသော NVC ကတ်များလုပ်ဆောင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့ပေါ်ရှိ ဒေသခံတိုင်းရင်း သားများနေထိုင်ရာ မင်းဂံ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး လတ်တလော နေထိုင်စားသောက်မှု အခက်အခဲပြဿနာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ပြောကြားရာ စခန်းရှိသူများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဟိန္ဒူမဟာသီဝ ဘုရားကျောင်းသို့ သွားရောက်ရာ ဟိန္ဒူဘာဝင်များက မိမိနေရပ်သို့ ပြန်လိုကြကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်လျက်ရှိကြောင်း တင်ပြရာ အထူးကိုယ်စားလှယ်ကတင်ပြမှုများအပေါ် မှတ်တမ်းတင်ပြီး အကောင်းဆုံး အခြေအနေ တစ်ရပ် ပြန်လည်ရရှိရေး နိုင်ငံတော်အစိုးရနှင့် တိုင်ပင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်
No comments:
Post a Comment