Wednesday, January 30, 2019

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မွန်ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့်တွေ့ဆုံ


နေပြည်တော် ဇန်န၀ါရီ ၃၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည် မွန်ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ဘာသာရေးခေါင်းဆောင်းများနှင့် ယမန်နေ့ညနေပိုင်း က မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌တွေ့ဆုံကြသည်။

ထိုသို့တွေ့ဆုံစဉ် ဘာသာပေါင်းစုံညီညွတ်ရေး၊ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ အဖွဲ့၏ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးကြသည်။

ထို့နောက် မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ဂုဏ်ထူးဆောင် နာယကဝဏ္ဍကျော်ထင် ဒေါက်တာခင်ရွှေမှ မွန်ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး ရုံးအတွက် အလှူငွေကျပ်သိန်း ၅၀ ကို မ,တည် လှူဒါန်းသည်။ 

မင်းသစ်

No comments:

Post a Comment