မြစ်ကြီးနားမြို့တွင် ကျင်းပသော ကလေးစာပေပွဲတော်တွင် တစ်ထောင့်တစ်နေရာမှ
ကူညီပံ့ပိုးပေးခဲ့သော Nestle’ Myanmar Ltd မှ တာဝန်ရှိသူတစ်ဦးက အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်
Ms. Ivy Tan,
Senior Marketing Manager
Nestle’ Myanmar Ltd
ကလေးစာပေပွဲတော်ဟာ လူငယ် တွေအတွက် အကျိုးရှိတဲ့ ပွဲမျိုးဖြစ်ပါတယ်။
မြန်မာပြည်မှာဆိုရင်လည်း ကလေးငယ် များပြားပါတယ်။ ကလေးတွေအတွက် ဒီလိုကျင်းပတဲ့အတွက်
သူတို့ဗဟုသုတ လည်း ရတယ်။ အနာဂတ်အတွက် စာပေ နဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတွေ ရရှိတော့
သူတို့အတွက် အကျိုးရှိပါတယ်။ ကျွန်မတို့ဆိုရင်လည်း ခန္ခာကိုယ်ကြံ့ခိုင် သန်မာအောင်လည်း
အားကစားတွေ လုပ်ပေးနေပါတယ်။ မိုင်လိုဆိုရင်လည်း ကလေးတွေ ခန္ခာကိုယ်ကြံ့ခိုင်အောင် ဆိုပြီး
ကိုယ်ကာယနဲ့ ပတ်သက်တဲ့ အားကစားတွေလည်း လိုက်လုပ်ပေးနေပါ တယ်။
Nestle ဝက်ဝံ malt milk ဆိုရင် ကလေး၊ လူကြီးမရွေး ဦးနှောက်လုပ်
ဆောင်ချက်တွေ ထက်မြက်သာလွန်ပြီး တော့ တစ်ဖက်တစ်လမ်းကနေပြီး ပံ့ပိုး ပေးနေပါတယ်။ အမှန်တကယ်ပြော
ရရင် ဒီလိုမျိုး ကလေးစာပေပွဲကိုတော့ မတွေ့ ဖူးသေးဘူး။ သေးတဲ့ ပွဲလေးတွေတော့ တွေ့ ဖူးတယ်။
အခုလိုမျိုးတွဲပြီး လုပ်ဆောင် တဲ့ပွဲတွေ တွေ့ရတာ အတော်အံ့ဩမိပါ တယ်။ ကလေးတွေဟာ အနာဂတ်ရဲ့
ကြယ်ပွင့်လေးတွေ ဖြစ်တဲ့အတွက် သူတို့ကို ကျောင်းစာအပြင် ဗဟုသုတ လုပ်ပေးတာ အလွန်ကောင်းပါတယ်။
ကျွန်မလာခဲ့တဲ့ နိုင်ငံမှာဆိုရင်လည်း ကျောင်းစာနဲ့ပတ်သက်ပြီး ဖတ်ခိုင်းတာ
မျိုးပဲရှိတယ်။ ဒီလိုမျိုးကျင်းပတဲ့ ပွဲမျိုး မကျင်းပခဲ့ဘူး။ ဒါကြောင့် ဒီနေ့ပွဲကို
မြင်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်မ တို့ Nestle မှာဆိုရင် တန်ဖိုးထားရတဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။
မြန်မာ နိုင်ငံသားတွေအတွက် ဘ၀အရည် အသွေး၊ ပိုမိုကျန်းမာတဲ့ အရည်အသွေး တည်ဆောက်ပေးဖို့ပဲဖြစ်ပါတယ်။
ဒီနေ့ ဆိုရင် အလွန်ကို တန်ဖိုးရှိပြီး အဓိပ္ပာယ် ရှိလှတဲ့ ကလေးစာပေ ပွဲတော်ပြုလုပ်ခဲ့ပါ
တယ်။ ကလေးတွေဟာ အနာဂတ် တစ်ချိန်မှာ အရေးကြီးတဲ့သူတွေဖြစ်တဲ့ အတွက် ကလေးတွေအတွက် အာဟာရ
ရှိပြီး အရသာရှိလှတဲ့Nestle ပစ္စည်းတွေ ပံ့ပိုးကူညီပေး ခဲ့ခြင်းဖြစ်ပါတယ်။
သတင်းအဖွဲ့

No comments:
Post a Comment