Thursday, January 31, 2019

ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဆဋ္ဌမအကြိမ်မြောက် လေ့လာရေးရောက်ရှိနေသည့် နယ်စပ်ဒေသ အသီးသီးမှ လူငယ်မောင်မယ်များအားတွေ့ဆုံနှုတ်ဆက်




နေပြည်တော်၊ ဇန်နဝါရီ  ၃၁

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၏ ဖိတ်ကြားချက်အရနေပြည်တော်တွင် ဆဋ္ဌမအကြိမ်မြောက် လေ့လာရေးရောက်ရှိနေသော နယ်စပ်ဒေသ အသီးသီးမှ လေ့လာရေးအဖွဲ့များအား ယနေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးမှ တာဝန်ရှိသူများနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာနစုပေါင်းခန်းမ၌ တွေ့ဆုံနှုတ်ဆက်သည်။


ရှေးဦးစွာပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများတွင် နေထိုင်ကြသောလူငယ်မောင်မယ်များကို ၂၀၁၆ ခုနှစ်မှ စတင်ပြီးနေပြည်တော်သို့ အလှည့်ကျစနစ်ဖြင့်ဖိတ်ခေါ်၍ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်နေမှုများကိုေ လ့လာရေးဆောင်ရွက်ပေး လျက်ရှိရာယခုလေ့လာရေး လာရောက်ကြသည့် ဆဋ္ဌမအကြိမ်အပါအဝင် တိုင်းရင်းသားမောင်မယ် (၆၇၀) ဦးကိုလေ့လာရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မောင်မယ်တို့အနေဖြင့် လေ့လာရေးခရီးစဉ်မှရရှိသည့် အတွေ့အကြုံကောင်းများကို အခြေခံ၍မိမိတို့၏နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ထိရောက်စွာပြန်လည် အသုံးချစေလိုကြောင်း၊ လေ့လာရေးခရီးစဉ်အတွင်း တွေ့ဆုံကြသည့် တိုင်းရင်းသားအချင်းချင်း တစ်အူထုံ့ဆင်းညီရင်းအစ်ကို၊ မောင်ရင်းနှမများပမာတစ်ဦး နှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ချစ်ခင်မှု၊ ယုံကြည်မှုတို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်များရှင်သန်ပွားများ ရင့်သန်လာစေရန် ရည်ရွယ်ဆောင် ရွက်ပေးခြင်းဖြစ်ပါကြောင်း၊

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝေးလံခေါင်သီပြီးဆက်သွယ်သွားလာရန် ခက်ခဲသည့်နယ်စပ် ဒေသနေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသအသီးသီးတွင် အခြေခံအဆောက်အဦများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုရေရှည်တည် တံ့စေရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကို ဟန်ချက်ညီညီအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု တစ်ဝှမ်းလုံး ပြည်နယ်ပြည်မ တောင်တန်းဒေသများမကျန် အကြားအလပ်မရှိဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်အလေး ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့မှသာ နယ်စပ်ဒေသနေတိုင်းရင်းသားများ အားလုံးညီညွတ်မျှတသည့် အကျိုး ခံစားကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကိုဖော်ဆောင်လျက်ရှိပါကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသဖြင့် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု အားကိုရ ယူပြီးအမျိုးသားရေး စိတ်ဓာတ်အခြေခံကာ ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် နုပျိုလန်းဆန်းတက်ကြွသည့် လူငယ်/လူရွယ် များဖြစ်ပြီး “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသည့် စကားအတိုင်းနောင်တစ်ချိန်တွင် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ ကြီးလေးသော တာဝန်များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမည့် လူငယ်များဖြစ်သည့်အတွက် ယခုကတည်းကနိုင်ငံ့ သားကောင်း/သမီးကောင်းများ ဖြစ်အောင်ထူးချွန် ထက်မြက်သူများဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားသွားကြရန် လိုအပ်ကြောင်းတိုက်တွန်းမှာကြားသည်။

ဆက်လက်၍ လေ့လာရေးအဖွဲ့ဝင်များကိုယ်စားတိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး၎င်းတို့၏ ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြရာပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment