Thursday, January 31, 2019

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ရိုက်တာသတင်းဌာနမှ အထက်တန်းအရာရှိကြီးများအား လက်ခံတွေ့ဆုံ



နေပြည်တော်၊ ဇန်နဝါရီလ ၃၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် သွင်မဆင်ရိုက်တာ (Thomson Reuters) သတင်းဌာနမှ ဥပဒေအကြံပေးအရာရှိချုပ် (Chief Counsel) Ms. Gail Gove နှင့် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများဆိုင်ရာ ဗျူရိုအကြီးအကဲ Mr. Matthew Tostevin တို့အား ယနေ့ နံနက် ၁၀ နာရီ တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


ယင်းသို့ တွေ့ဆုံစဉ်  မြန်မာနိုင်ငံ၏ လက်ရှိ သတင်းမီဒီယာကဏ္ဍ အခြေအနေ နှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ဖလှယ်နိုင်ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment