မြစ်ကြီးနား
ဇန်န၀ါရီ ၃၀
ကချင်ပြည်နယ်တွင်
ပြည်နယ်ပြည်မနှင့် နယ်စပ်ဒေသများသို့ အဓိကဆက်သွယ် အသုံးပြုလျက်ရှိသော လမ်းမကြီးလေးခု
ရှိရာ မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအို ကားလမ်းမိုင်တိုင်အမှတ် (၅၃/၀၁) ၌ တီယာန်ချောင်းပေါ်တွင်
ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာနတံတား အထူးအဖွဲ့ (၁)မှတာဝန်ယူ၍ တီယာန်စွပ် တံတားကို
တည်ဆောက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ဒေသတွင်း ပြည်သူများ အသုံးပြုလျက်ရှိသည်။
တံတားအရှည်
မီတာ ၉၀ နှင့် တံတားခန်းဖွင့် မီတာ ၃၀ သုံးခန်း၊ တံတားအကျယ်ယာဉ်သွားလမ်း ၂၄ ပေ၊ လူသွားလမ်း
တစ်ဖက်သုံးပေ၊ တံတား အမျိုးအစားမှာ အောက်ခံအုတ်မြစ် တံတား၊ ကိုယ်ထည်သံကူကွန်ကရစ်၊ ကမ်းကပ်ခုံနှင့်
သံကူကွန်ကရစ် ရေလယ် တိုင်၊ တံတားအပေါ်ထည် သံမဏိရက်မ သံကူကွန်ကရစ်ကြမ်းခင်း၊ ခွင့်ပြု
အလေး ချိန် ယာဉ်တစ်စီးချင်းတန် ၆၀ ဖြစ်သည်။ စီမံကိန်းတန်ဖိုးမှာ တံတားတစ်ခုတည်း ငွေကျပ်သန်း
၁၂၄၀၊ ချဉ်းကပ်လမ်း တန်ဖိုးငွေကျပ် သန်း ၁၃၉ ဒသမ ၉၀၀ ဖြစ်သည်။
အဆိုပါ
ကားလမ်းသည် မိုင်အားဖြင့် ၂၁၈ မိုင်ရှိရာ ယခင်တံတားမရှိခင် ၂၀၁၅ ခုနှစ်က ကားငယ်များ
နှစ်ရက်နှင့် ကားကြီးများ ခုနစ်ရက်ခန့် သွားလာ မောင်းနှင်နေရသော လမ်းဖြစ်ပြီး တီယာန်ချောင်းပေါ်ဖြတ်ကာ
တံတား တည်ဆောက်ပေးလိုက်သဖြင့် ယခုအခါ ကားငယ်များ ၁၁ နာရီနှင့် ကားကြီး များမှာ နှစ်ရက်ခန့်သာ
သွားလာ မောင်းနှင်ရတော့သည်ဖြစ်၍ လမ်းပန်း ဆက်သွယ်မှုမြန်ဆန်ချောမွေ့ပြီး ဒေသ ဖွံ့ဖြိုးရေးအတွက်
အထောက်အကူပြု လျက်ရှိကြောင်း သိရသည်။
ခရမ်းစိုးမြင့်
No comments:
Post a Comment