Wednesday, January 30, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဟန်ဂေရီနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်






နေပြည်တော် ဇန်န၀ါရီ ၃၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဆေးလ်ဗက်စတာ ဘတ်စ် သည် ယနေ့နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် တို့ တက်ရောက်ကြသည်။

Ref; Myanmar President Office

No comments:

Post a Comment